Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားကြီးတွင် သံကူကွန်ကရစ် လှေတင်တံတား တည်ဆောက်
DVB
·
September 3, 2017
bridge
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက် တော်ဘုရားကြီး (၃)မိုင်လမ်းမှာ သံကူကွန်ဂရစ် လှေတင်တံတားတည်ဆောက်နေတယ်လို့သိရပါတယ်။ အဆိုပါတံတားကို မန်းရွှေစက်တော်ဂေါပကအဖွဲ့၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးတို့ရဲ့ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင် ၁၀ ဦးနဲ့ ကော်မတီ တစ်ရပ်ဖွဲ့ပြီး ဘုရားကြီးရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၀၀ လောက်ကုန်ကျမည်ဖြစ်ပြီး၊ တံတား အထူးအဖွဲ့ ၅ က တာဝန်ယူတည်ဆောက်နေတယ်လို့ မန်းရွှေစက်တော်ဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးသိန်လှိုင်က ပြောပါတယ်။ မန်းရွှေစက်တော်ဘုရားကြီးဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ သမိုင်းဝင် ဘုရားတဆူဖြစ်ပြီး ပွဲတော်ကာလ ရက်ရှည် ကျင်းပကာ မြန်မာနိုင်ငံ တ၀ှမ်းရှိ ရဟန်းရှင်လူ၊ ပြည်သူအပေါင်း လာရောက်ဖူးမြော်ကြတဲ့ ဘုရားကြီးဖြစ်လို့ နွေ၊ မိုး၊ ဆောင်း ဥတုရာသီမရွေး လာရောက်ဖူးမြော် နိုင်ဖို့ ရည်ရွယ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရာသီမရွေး ဘုရားဖူးပြည်သူတွေအနေနဲ့ စည်ကားလာပါက ဘုရားကြီးအတွက် အလှူငွေများရရှိပြီး ဒီထက်မက ပြုပြင်မွမ်းမံနိုင်မှာဖြစ်သလို အနယ်နယ်အရပ်ရပ်မှ ၁၂ ရာသီ လာရောက်မှီခိုကြတဲ့ ဈေးသည်တွေလည်း စားဝတ်နေရေး အဆင်ပြေချောမွေ့ကာ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ပုံရိပ်ဟာလည်း ပိုမိုတိုးတက်လာပြီး ရဟန်းရှင်လူပြည်သူအပေါင်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။ လှေတင်တံတား အရှည်မှာ ပေ ၅၀၀ ဖြစ်ပြီး အနံ ပေ ၃၀ ကားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တဖက် ၃ ပေ၊ သံကူကွန်ကရစ် တံတားအမျိုးစားဖြစ်ပြီး တံတားအရည်အသွေး ပြည့်မီကောင်းမွန်စေရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်နေပြီး တလကို ဂေါပကဥက္ကဋ္ဌ အပါဝင် အဖွဲ့ဝင် ၅ ဦးနဲ့ သက်ဆိုင်ရာ အင်ဂျင်နီယာတွေက အနီးကပ်ကြီးကြပ် ဆောင်ရွက်နေတယ်လို့ ရွှေစက်တော် ဂေါပကအဖွဲ့က ပြောပါတယ်။ ယခုလက်ရှိ နဂိုရှိပြီးသားဖြစ်တဲ့ သံဘောင်သစ်သား တံတား ထိုးလိုက်ပြီဖြစ်တဲ့ အတွက် မြန်မှာနိုင်ငံအနှံအပြားရှိ ဘုရားဖူးတွေ ၃ မိုင်လမ်းခွဲက အလွယ်တကူ လာရောက်ဖူးမြော်နိုင်တဲ့ အပြင် လှေတင်တံတား (ယာယီ)ထိုးလိုက်ခြင်းဖြင့် ဘုရားဖူးခရီးသည်တွေအပြင်  ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွက်လည်း များစွာအထောက်ကူဖြစ်ကြောင်း မန်းရွှေစက်တော် ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။ နဂိုရှိပြီးသား သံဘောင်သစ်သားတွေနဲ့ ထိုးတဲ့တံတားအတွက် ဘုရားကြီးရန်ပုံငွေ မကုန်ကျဘဲ လှေတင်တံတား တည်ဆောက်ရေး အထူးအဖွဲ့က ကုသိုလ်ဖြစ် တည်ဆောက် ပေးခဲ့တာဖြစ်ကြောင်း ၄င်းကပြောပါတယ်။ ဆယ့်နှစ်ရာသီဈေးဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ကိုမျိုးက “မန်းရွှေစက်တော် ဘုရားကြီးကို ရာသီမရွေး မှီခိုလုပ်ကိုင် စားသောက်နေကြရတာဖြစ်ပြီး ခုလိုလှေတင်တံတာ ဖွင့်လိုက်ပါက ဘုရားပွဲတောရက်တင်မကဘဲ မြန်မာနိုင်ငံ အနှံမှ ဘုရားဘူး ခရီးသည်များ စည်ကားလာမှာဖြစ်ပြီး ဈေးရောင်းဈေးဝယ်တွေ လည်းကောင်းမွန်ကာ အလုပ်ကိုင်တွေအဆင်ပြေကာ လက်ရှိ မန်းရွှေစက်တော် ဘုရားကြီးကို မှီခိုနေကြတဲ့ ဈေးသည်တွေလည်း အဆင်ပြေ ကြမှာဖြစ်တယ်” လို့ ပြောတယ်ပါတယ်။ သတင်း-မင်းထီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013