Home
မြန်မာသတင်း
လူထုစုပေါင်းအားဖြင့် မြစ်သာမြစ် ယာယီမြစ်ကူး အခလွတ်တံတား တည်ဆောက်
DVB
·
December 18, 2016
myit1
ကလေးမြို့ မြစ်သာ မြစ်ကူးယာယီတံတား တစ်စင်းကို အင်းဒင်ရွာ လူထုစုပေါင်းအားနဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ပြီး တည်ဆောက်မှု ၁၉ ရက်နေ့မှာ ပြီးဆုံးတော့မယ်လို့ အင်းဒင်ရွာ ဆရာတော်က မိန့်ပါတယ်။ “မြစ်ကူးတံတားကို ကျေးရွာလူထုတွေအနေနဲ့ အုပ်စု သုံးစုခွဲ တည်ဆောက်နေတယ်။ ဒီနေ့ဆို အုပ်စု ၂ စု တာဝန်ကျ ပထမပိုင်းနဲ့ အလယ်ပိုင်း တည်ဆောက်ပြီးပါပြီ။ ဒီတံတား ပြီးသွားရင် အင်းဒင် ပေါက်တော တောင်ပေါ်ရေနံ မှော်ဒေသတွေက အိမ်ခြေ ၈၅၀ ခန့် အတွက် နေ့ညအချိန်မရွေး အခမဲ့သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။” လို့ အင်းဒင်ဆရာတော် အရှင် ဝရဓမ္မက ဆက်ပြီး မိန့်ပါတယ်။ ဆောက်လုပ်လျှက်ရှိတဲ့ ယာယီမြစ်ကူးတံတားကို အရှည် အတောင် ၄၅၀ အနံ ၆ပေ သတ်မှတ် တည်ဆောက်နေပြီး လာမယ့် မိုးမကျခင် မေလအထိ အသုံးပြုနိုင်မယ့် မြစ်ကူးတံတားဖြစ်တယ် လို့လည်း  သိရပါတယ်။ “ဒီတံတားက နွေရာသီ ရေနည်းတုန်း အသုံးပြုရတာပါ။ မိုးရာသီမှာတော့ စက်လှေနဲ့ ကူးရတယ်။ ကူးခ ၁၀၀၀၊ ၁၅၀၀ ရာကုန်ကျခံ သွားရတယ်။ တံတားပြီးရင်တော့ ပိုက်ဆံမကုန်ပဲ ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် ဒေသ လူထုအတွက် အကျိုးအများကြီး ခံစားရမှာပါ။” လို့ ဒေသခံ အမျိုးသမီးတဦးက ဆိုပါတယ်။ ယခင်နှစ်တွေက တံတားကို လေးလံစနစ်နဲ့ တည်ဆောက်ပြီး ဖြတ်သန်းခ ပေးခဲ့ရပေမယ့် ဒေသခံတွေ တောင်းဆိုတာကြောင့် လေလံစနစ်ကို ဖျက်သိမ်းပေးခဲ့ပြီး နောက်ပိုင်း ကိုယ်ထူကိုယ်ထ အခလွတ်တံတား တည်ဆောက် အသုံးပြုခွင့်ကို ဒေသခံတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013