H1N1 ဖြင့် ၂ ဦးသေဆုံးပြီး သံသယလူနာ ၁ ဦးရှိဟု စံပြဆေးရုံအုပ် ပြော (ရုပ်သံ)
ကျော်ဇေယျာဝင်း
·
July 27, 2017
ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ H1N1 တုပ်ကွေးရောဂါနဲ့ လူကြီး ၁ ဦး ကလေး ၁ ဦး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး သံသယရှိ လူနာ ၁ ဦးကို ဆက်လက်စစ်ဆေးနေ တယ်လို့ သင်္ဃန်းကျွန်းဆေးရုံအုပ် ဒေါက်တာ အောင်ဆန်းမင်းက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇဥယျာဉ်မြို့တော်မှာ နေထိုင်တဲ့ ကိုမျိုးဇော် (၃၄)နှစ် ဇူလိုင် ၂၅ ရက်နေ့ ညနေငါးနာရီမှာ သင်္ကန်းကျွန်း စံပြဆေးရုံတက်ရောက်ကုသခဲ့ပြီး ဇူလိုင် ၂၇ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာ သေဆုံးသွားခဲ့ပြီး ရွာသာကြီးအအေးခန်းစက်ရုံက အသက် ၅ နှစ်အရွယ် မမြတ်အိမွန် ကလည်း ဇူလိုင် ၂၅ ရက် မနက် ၈ နာရီ ၅၀ မိနစ်မှာ ဆေးရုံတက်ကုသခဲ့ပြီး အဲဒီနေ့ နေ့လယ် ၂ နာရီ ၄၅ နာရီဆုံးသွားခဲ့တာဖြစ်တယ်လို့ သင်္ကန်းကျွန်း စံပြဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆန်းမင်းက ပြောပါတယ်။
H1N1 တုပ်ကွေး သံသယရှိသူ နောက်လူနာတဦးဖြစ်တဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဒေါ်မာလာ ကိုလည်း H1N1 ရောဂါပိုး စစ်ဆေးထားတယ်လို့ သိရပါတယ်။