နေပြည်တော်တွင် ဂျပန်က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း ဆောက်မည်
နေဖြိုးဝင်း
·
July 20, 2017
နေပြည်တော်မှာ ဂျပန်က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း ဆောက်မယ်လို့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ဒီကနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးမှာ ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေကို ကျောင်းတွေနဲ့ စိမ်းလန်းစိုပြည့်တဲ့မြို့ ဖြစ်အောင် အဓိကထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“အခုဆို ဂျပန်က လာမယ့် ကျောင်းအတွက်ဆို မြေနေရာတွေ ပေးထားတာရှိတယ်။ အသေးစိတ်တော့ မသိသေးဘူးပေါ့။ ကျောင်းဆိုတာ အတတ်ပညာသင်ကျောင်းတွေပါပဲ။ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွေပါပဲ” လို့ ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
ကျောင်းကို ဘယ်နေရာမှာ ဆောက်မယ်၊ ဘယ်တော့လောက် ဆောက်မယ် ဆိုတာကိုတော့ သူ့အနေနဲ့ မသိရှိသေးဘူးလို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာမှာ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သုံးခု ရှိပါတယ်။