ကျောင်းသား ၂ ဦးကို တိုက်ပြေးသည့်ကားအား ဖမ်းမိ
DVB
·
July 17, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကျားသေကန်ရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် ၃၇၄/၂ မှာ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီလောက်က ကျောင်းသား ၂ ဦးရဲ့ ဆိုင်ကယ်ကို ကားတစီးက နောက်ကနေ၀င်တိုက်ပြီး မောင်းပြေးတာကို ၃ နာရီအတွင်း ဖမ်းမိတယ်လို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ကျောင်းသား ၂ ဦး ပြင်းထန် ဒဏ်ရာရတယ်လို့ ရွှေတောင်ရွာရဲစခန်း
စခန်းမှူး ရဲအုပ် ကျော်နိုင်စိုးက "၁၀ တန်း ကျောင်းသား စိုးထက်အောင် ဝဲချိုစောင်း ပေါက်ပြဲဖူးရောင်တယ်၊ ကျောပြင်နဲ့ပခုံးတွေ ပွန်းပဲ့ကုန်တယ်၊ ၇ တန်းကျောင်းသား စိန်ထွား ဦးခေါင်းထိပ်ပေါက်ပြဲတယ်၊ ခြေထောက်ကျိုးတယ်၊ ပွန်းပဲ့ဒဏ်ရာတွေ ရတယ်။ ကြပ်ကန်ရွာအနီး ချုံထဲထိုးဖွက်ထားတဲ့ ကားကို ၃ နာရီအကြာမှာ ဖမ်းမိတယ်။ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ရှာခဲ့ရတယ်” လို့ ပြောပါတယ်။ ဒဏ်ရာရရှိတဲ့ ကျောင်းသား ၂ ဦးကိုတော့ ၀မ်းတွင်းမြို့ ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရတယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ဖောကား ယာဉ်မောင်း (အမည်စိစစ်ဆဲ)ကို ယာဉ်မဆင်မခြင်မောင်းလို့ ထိခိုက်ဒဏ်ရာရစေမှု သာမာန်/ပြင်းထန်/တိုက်ပြေး ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈/၂၀၂ နဲ့ အမှုဖွင့်တယ်လို့ ဆိုပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)