Home
မြန်မာသတင်း
အင်းတော်တွင် ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 19, 2017
wy2
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနား နဘားလမ်းဆုံမှာ ဒီနေ့မနက် ၁၁ နာရီခွဲက ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်မှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ ဒီနေ့မနက် ၁၁ နာရီခွဲက နဘား ရဲကင်းစခန်းမှူး ရဲအုပ်ခင်ဇော်ထိုက်၊ ရဲတပ်သားဖြိုးရာဇာတို့ဟာ မူးယစ်ဆေးဝါးသက်သေတွေနဲ့အတူ မန္တလေး-မြစ်ကြီးနား နဘားလမ်းဆုံ မူးယစ်ဆေးဝါးသတင်းအရ ယာဉ်တွေကို ရှောင်တခင်စစ်ဆေးရာ မန္တလေးကနေ မြစ်ကြီးနားကို ဂျောင်ကွေချောက်မောင်းနှင်ပြီး လီမင်ကွေနဲ့ ရန်ဖာ ဆိုသူတို့ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကိုစစ်ဆေးရာ ဖင်ထိုင်ခုံနဲ့ ကြမ်းခင်းအောက်အတွင်း ဝှက်ပြီး သယ်ဆောင်လာတဲ့ 88 နှင့် 1 စာတန်းပါ စိတ်ကြွဆေးပြား ၃၉၀၀ ကာလတန်ဖိုး ကျပ်သိန်း ၂၃၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ အင်းတော်မြို့မရဲစခန်းက မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တာမိုးညှဲမြို့နယ် လုံဝိုင်ကျေးရွာ မုန်းဝန်း တရုတ်လူမျိုးတွေဖြစ်တဲ့ ယာဉ်မောင်း ဂျောင်ကွေချောက်၊ လီမင်ကွေ နဲ့ ရန်ဖာ တို့ကို မယ(ပ)၃၄/၂၀၁၇ မူးစိတ် ၁၅/၁၉(က)/၂၁ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024