Home
မြန်မာသတင်း
မိုင်းတုံ အထက်တန်းကျောင်း စာစစ်ဌာန မီးရှို့ဖျက်ဆီးခံရ
DVB
·
March 15, 2017
17308722_1135118329949365_4433411017006060267_n
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ နောင်ပါရင်ရပ်ကွက်ရှိ အထက်တန်းကျောင်းရှိ စာမေးပွဲဖြေဆိုတဲ့ စာစစ်ဌာန အဆောင်တခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့မနက် ၆နာရီလောက်က မိုင်းတုံမြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ် ဌာန ကြီးကြပ်ရေးမှူး ဦးသန်းစိုးဟာ ကျောင်းဝန်းအတွင်း လှည့်လည်စစ်ဆေးစဉ် ကျောင်းဆောင်စာဖြေခန်း အမှတ် (၆)ထဲမှာ စာဖြေခုံ၊ စာရေးခုံ၊ ထိုင်ခုံနဲ့ သင်ပုန်းတို့ကို အခန်းအလယ်စုပုံပြီး လိုက်ကာစနဲ့ မီးရှို့ထားကြောင်း တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နဲ့ ရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှာ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေ လာရောက်ငြှိမ်းသတ်ခဲ့အတွက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် စာရေးခုံ(၁၂)လုံး၊ ထိုင်ခုံ(၇)လုံး၊ မျက်နှာ ကျက်ကျောက်ပြား(၃၅) ပြား၊ ပြတင်းပေါက်မှန် (၃၆)ချပ်၊ စာသင်ဘော (၁)ချပ် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး မီးရှိုခဲ့သူအား ဥပဒေအရ အရေးယူဖို့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သတင်းမှာဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024