Home
မြန်မာသတင်း
လက်ကျန် ရွေးကောက်ပွဲရလဒ်များ အပြီးသတ်ထုတ်ပြန်၊ တစညပါတီ ၁ နေရာ အနိုင်ရ
DVB
·
November 20, 2015
UEC last announcementHome
ကြေညာဖို့ကျန်ရှိနေတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်အရှုံး မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၀ ဒီကနေ့ ရက်စွဲနဲ့ အပြီးသတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ထိ မဲရလဒ် ၉၉ ရာခိုင်နှုန်းကို ကြေညာခဲ့ပြီး ကျန်ရှိနေတဲ့  ကချင်ပြည်နယ် နောင်မွန်းမြို့နယ်နဲ့ ခေါင်လံဖူးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို နောက်ဆုံးကြေညာလိုက်တာပါ။ ပြည်သူ့လွှတ်တော် ၁။ ကချင်ပြည်နယ်၊ နောင်မွန်း ဦးဂျီဖုန်ဆားရ် (ပြည်ခိုင်ဖြိုးပါတီ) ၂။ကချင်ပြည်နယ်၊ ခေါင်လန်ဖူး ဦးအာမိုးဆီ(လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ-ဒူးလေးပါတီ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁။ ကချင်ပြည်နယ် အမှတ် (၁) ဦးဂျေယောဝူ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁။ ကချင်ပြည်နယ် နောင်မွန်း (၁) ဦးချန်တန်ခင် (ပြည်ခိုင်ဖြိုးပါတီ) ၂။ ကချင်ပြည်နယ် နောင်မွန်း (၂) ဦးမဘူဒဂုဏ် (ပြည်ခိုင်ဖြိုးပါတီ) ၃။ ကချင်ပြည်နယ် ခေါင်လန်ဖူး (၁) ဦးရွှေလေး (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ-ဒူးလေးပါတီ) ၄။ ကချင်ပြည်နယ် ခေါင်လန်ဖူး (၂) ဦးအားခီဆာ (အန်အယ်လ်ဒီ) တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ၅။ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ဦးခင်မောင်မြင့်(ခ)ဦးဒိတ် (အန်အယ်လ်ဒီ) ၆။ ကချင်ပြည်နယ် လီဆူတိုင်းရင်းသား ဦးအားတီယောဟန် (အန်အယ်လ်ဒီ) ၇။ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်  ဦးစိုင်းစိန်လင်း (အန်အယ်လ်ဒီ) ၈။ ကချင်ပြည်နယ် ရ၀မ်တိုင်းရင်းသားကိုယ်စားလှယ် ဦးရန်နမ်းဖုန် (အန်အယ်လ်ဒီ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013