Home
သတင်းဓာတ်ပုံ
မကွေးတိုင်းတွင် ရေကြီးရေလျှံ၊ လူဦးရေ ၅၀၀ ခန့် ရေဘေးလွတ်ရာပြောင်းရွှေ့ (ဓာတ်ပုံ)
DVB
·
July 29, 2015
11822732_1683324045230907_1080484783633232162_n
11816802_1683324081897570_8688857394916132427_n
11800110_1683324281897550_4339521064933531182_n
11755842_1683324178564227_4517426672288075867_n
11054526_1683324225230889_5143867426098702386_n
11011546_1683324371897541_5378878792864252038_n
10686947_1683324318564213_3427863230992618076_n
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မိုးရက်ဆက်ရွာသွန်းမှုကြောင့် မုန်းချောင်းနဲ့ မန်းချောင်း ရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။ မန်းချောင်းအထက်ဘက် ငဖဲမြို့နယ်အတွင်းမှ တံတားသုံးစင်းကျိုးကာ စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ မင်းဘူး (စကု) မြို့နယ်တွေက ကျေးရွာပေါင်း ၈၀ လောက်မှ စပါးနဲ့နှမ်းစိုက်ခင်း ဧက ၅၀၀၀ ကျော် ရေနစ်ပျက်စီးခဲ့ပါတယ်။ စကုမြို့နယ် မန်းကျင်းရပ်၊ ဥယျာဉ်ဇဉ်ကျေးရွာမှ လူနေအိမ် ၁၀၀ ကျော်နှင့် ငဖဲမြို့နယ်မှ လူနေအိမ် ၇၀ ကျော် ရေနစ်မြုပ်နေခဲ့ပြီး လူဦးရေ ၅၀၀ လောက် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။ မန်းချောင်းရေ ဆက်တိုက်မြင့်တက်နေတာကြောင့် ငဖဲမြို့နဲ့ ဆက်သွယ်ထားတဲ့ အိုးမြေရင်း၊ ချောင်းဖြူ၊ ဆီးတော ကျေးရွာတွေက တံတားသုံးစင်း ဇူလိုင် ၂၇ ရက်နေ့က ကျိုးကျခဲ့လို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး စားသောက်ကုန်တွေ သယ်ယူရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဖေ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024