ရွေးကောက်ပွဲ နှင့် ဆန္ဒခံယူပွဲ ပူးတွဲမလုပ်ရန် လွှတ်တော်ဆုံးဖြတ်
DVB
·
July 23, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ တွဲမလုပ်ဘဲ ခေတ္တဆိုင်းငံ့ထားဖို့ ဇူလိုင် ၂၃ ရက် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
ဆန္ဒခံယူပွဲဟာ သီးသန့်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တာကြောင့် ခေတ္တဆိုင်းငံထားဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်နာယက သူရဦးရွှေမန်းထံ အကြံပြုစာပေးပို့တောင်းဆိုလိုက်ပြီးနောက် ခုလို လွှတ်တော်က ဆုံးဖြတ်လိုက်တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) ဟာ သမ္မတ အရည်အချင်း သတ်မှတ်ချက်တွေထဲက တခုဖြစ်ပြီး ဒီပြဋ္ဌာန်းချက်မှာပါရှိတဲ့ စစ်ရေးအမြင် ဆိုတဲ့နေရာမှာ ကာကွယ်ရေးအမြင် ရှိရမယ်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲပြင်ဆင်ဖို့အတွက် နိုင်ငံတ၀န်းမှာ ပြည်သူ့ဆန္ဒခံယူပွဲ အတည်ပြုချက်ရယူဖို့ ရှိနေတာဖြစ်ပါတယ်။