Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း အမည်စာရင်း ၁ လအတွင်း တင်သွင်းရမည်
DVB
·
July 8, 2015
uec statement1
ues statement
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို သြဂုတ်လ ၈ ရက်နောက်ဆုံးထားပြီး တလအတွင်း တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်သွင်းရမယ့်ရက်၊ နောက်ဆုံးထားတင်သွင်းရမယ့်ရက်နဲ့ ကိုယ်စားလှယ်လောင်း စိစစ်မယ့်ရက်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်နေ့စွဲနဲ့  ကြေညာလိုက်တာပါ။ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာချက်နဲ့ တပြိုင်နက် ထုတ်ပြန်လိုက်တဲ့ ကော်မရှင်ရဲ့ ကြေညာချက်အရ လွှတ်တော်အသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်မှာ စတင် တင်သွင်းနိုင်ပြီး ၂၀၁၅ ခုနှစ် သြဂုတ် ၈ ရက် နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်တဲ့ရက်ကို သြဂုတ်လ ၁၁ ရက်ထိ ပြုလုပ်နိုင်တယ်လို့လည်း  ကော်မရှင် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကော်မရှင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ စိစစ်ရေးလုပ်ငန်းကို သြဂုတ် ၁၂ ရက်ကနေ ၂၁ ရက်ထိ လုပ်ဆောင်သွားမယ်လို့လည်း ကြောညာချက်အရ သိရပါတယ်။ ကော်မရှင်ရဲ့ ကြေညာချက်အရ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ မိမိတို့ပါတီက ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ၁ လအတွင်း အပြီးသတ်ရွေးချယ်ပြီး ကော်မရှင်ထံ ပေးပို့ကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ်လို့ ဒီနေ့ ကြေညာခဲ့ပါတယ်။ ues statement

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013