နိုင်ငံရပ်ခြားတွင် မြန်မာလူဦးရေ သိန်း ၂၀ ကျော်ရှိ
ပိုင်စိုး
·
June 24, 2015
မြန်မာနိုင်ငံက လူဦးရေ သိန်း ၂၀ ကျော်ဟာ နိုင်ငံတကာမှာ ရောက်ရှိနေတယ်လို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအထဲမှာ ယောက်ျားဦးရေ ၁၂ သိန်း ပါဝင်ပြီး ထိုင်းနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းနဲ့ မလေးရှားနိုင်ငံမှာ ၁၅ ရာခိုင်နှုန်း ရောက်ရှိနေကြတာပါ။
အများဆုံးကတော့ မွန်ပြည်နယ်ကဖြစ်ပြီး ၄ သိန်း ၂ သောင်းကျော်နဲ့ ကရင်ပြည်နယ်က ၃ သိန်း ၂ သောင်းကျော်ဟာ နိုင်ငံရပ်ခြားကို ရောက်ရှိနေပါတယ်။
နိုင်ငံခြားကိုရောက်နေတဲ့ လူဦးရေထဲက ၇ သိန်းခွဲလောက်ဟာ ၁၅ လကနေ ၄ နှစ်အထိ နေထိုင်ပြီးသူတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ အလုပ်လုပ်ဖို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်က ၃၉ နှစ်အတွင်း လူဦးရေ ၁၇ သိန်းလောက်ဟာ နိုင်ငံရပ်ခြားကို ရောက်ရှိနေတာဖြစ်ပါတယ်။