မန္တလေးတွင် မြို့ဝင်ကြေးကောက်ခံမှု ၃ ရက်နှင့် ရပ်ဆိုင်း
ပိုင်စိုး
·
May 4, 2015
ဈေးကြီးတယ်လို့ ဝေဖန်ခံနေရတဲ့ မန္တလေး မြို့တော်စည်ပင်က မြို့ဝင်ကြေးကောက်ခံနေတာကို ဒီနေ့ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ တိုင်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“ကော်မတီက ရပ်ခိုင်းလို့ ရပ်လိုက်တာပါ။ ဘာကြောင့်မှန်းလည်းတော့ မသိပါဘူး”လို့ ဦးအောင်စိုးက ပြောပါတယ်။ ဒါဟာ ယာယီ ရပ်ဆိုင်းတာလား ဘယ်လောက်ကြာမှာလဲဆိုတာကိုတော့ မသိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
မန္တလေးမြို့စည်ပင်နယ်နမိတ်ထဲကို ၀င်လာတဲ့ တခြား ပြည်နယ်တိုင်း တွေက မော်တော်ယာဉ်တွေကို မေလ ၁ ရက်နေ့ကစပြီး တစ်ရက်ကို အနည်းဆုံး နှစ်ထောင်ကျပ်ကနေ တစ်သောင်းကျပ်အထိ ကောက်ခံခဲ့တာပါ။
ဓာတ်ပုံ-ပိုင်စိုး