Home
မြန်မာသတင်း
ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် ပိုကြီးလာ
ပိုင်စိုး
·
May 2, 2015
3
2
1
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်ဟာ ဒီတနှစ်လုံး အေးနေနိုင်ပြီး အငှားဈေးကွက်ကတော့ ပိုကြီးလာတယ်လို့ အိမ်ခြံမြေ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။ ၁ ပေပတ်လည် စံနှုန်းသတ်မှတ်ချက် မြင့်ခဲ့တဲ့အပြင် ၂၀၁၅ ရဲ့ နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေတဲ့အတွက် လက်ရှိအချိန်မှာ ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ အေးစက်နေတာဖြစ်ပါတယ်။ “အိမ်ခြံမြေ ဈေးနှုန်းဟာ ၂၀၀၉ ခုနှစ်ကတည်းက ဒီနေ့အထိ တရှိန်ထိုး ပြေးလွှားတက်လာရတဲ့အတွက် မောနေပါတယ်။ ဒီနေ့ အေးတယ်ဆိုတာက အိမ်ခြံမြေ ဈေးနှုန်းကြီးဟာ အပန်းဖြေနေတာပါ။ အချိန်တခု၊ ဥပမာ ရွေးကောက်ပွဲအပြီးမှာတော့ ဈေးနှုန်းသင့်တင့်လျောက်ပတ်စွာနဲ့ ပြန်လှုပ်ရှားလာမယ်လို့ ကျနော်ခန့်မှန်းပါတယ်” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။ ကွန်ဒိုမီဒီယာ ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ရင်တော့ နိုင်ငံခြားသား တိုက်ခန်းဝယ်ယူ ပိုင်ဆိုင်ခွင့် ရလာမှာဖြစ်တဲ့အတွက် အိမ်ခြံမြေ ဈေးကွက်က ဒါထက် လှုပ်ရှားလာနိုင်စရာ အကြောင်းတစ်ခု ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အရောင်းအ၀ယ်တွေ အေးစက်နေပေမယ့် ရန်ကုန်ရဲ့ အိမ်အငှားဈေးကွက်ကတော့ ပိုပြီးမြင့်တက်နေတယ်လို့ ဦးခင်မောင်သန်းက ပြောပါတယ်။ “ရန်ကုန်ရဲ့ လူဦးရေ ၇ သန်းကျော်မှာ ၁ သန်းကျော်လောက်က အိမ်ငှားနေရတယ်။ နောက်တခါ ၁ နှစ်ကို လူဦးရေ ၃ သောင်းကျော်လောက်က ရန်ကုန်ကို တက်လာကြတယ်။ ဒါက အငှားဈေးကွက်ကို အားပေးသလိုဖြစ်နေတယ်။ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သရွေ့ အငှားဈေးနှုန်းက တက်နေဦးမှာပဲ။” မြန်မာဟာ ကမ္ဘာမှာ အိမ်ငှားခ တတိယ အမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အိမ်ငှားခတွေ မြင့်တက်တာကို ဖြေရှင်းဖို့အတွက် အငှားခွန်ဥပဒေရှိပေမယ့် ထိထိရောက်ရောက် မဆောင်ရွက်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း ဦးခင်မောင်သန်းက ဆက်ပြောပါတယ်။ နယ်က လာရောက် အလုပ်လုပ်ကိုင်သူတွေ အနေနဲ့ အိမ်ခန်းငှားခတွေမြင့်တက်နေတာကို ဖြေရှင်းနိုင်ဖို့ စုပေါင်းပြီး ငှားရမ်းတာတွေ လုပ်နေကြပါတယ်။ [gallery ids="91326,91327,91328"]

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013