Home
သတင်းဓာတ်ပုံ
ထားဝယ်တွင် အိမ်ခြေ ၆၀ ကျော် မီးလောင်
ရွှေအောင်
·
April 30, 2015
11206004_865141816865246_2889742739793900170_n
11200587_707180802724893_797066206581747232_n
11188344_707181412724832_6690734842675636163_n
11188215_707180706058236_604018144879250050_n
11178263_707180656058241_5160213879257201203_n
11150765_865141743531920_1238538994206426345_n
11150247_707180746058232_3067771399004563763_n
18523_707180616058245_5167513699917694310_n
တနင်္သာရီတိုင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဧပြီ ၃၀ ရက်မွန်းလွဲပိုင်းက မီးလောင်ကျွမ်းပြီး ရပ်ကွက်ရှိ မူလတန်းကျောင်းတကျောင်းအပါအ၀င် အိမ်ခြေ ၆၀ ကျော် မီးလောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတဦးဖြစ်တဲ့ ကိုရဲထွဋ်က ပြောပါတယ်။ အိုးလုပ်ရပ်ကွက် နေအိမ်တလုံးမှာ ၀ါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ညနေ ၄ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့ သူက ပြောပါတယ်။ “ရပ်ကွက်ထဲက အိမ်တလုံးမှာ မီးရှော့ဖြစ်ပြီး စလောင်တာ၊ အခုတော့ မီးကြွင်းမီးကျန်တွေ ငြိမ်းနေကြပါတယ်။ မီးသတ်ကခန့်မှန်းတာတော့ အနည်းဆုံးအိမ် ၆၀ လောက်ရှိမယ်လို့ ပြောတယ်။ အိုးလုပ်ရပ်ကွက် အလယ်လမ်းတလျှောက်လောင်တာ၊ အလယ်လမ်းရော လမ်းသွယ်တွေရောလောင်တာ တချို့အိမ်တွေလဲ ကျန်ခဲ့တယ်။ မီးက အရှေ့လေတိုက်နေတော့ ခုန်ကူးသွားတာ။ ဘေးနားက ပိန္နဲတောရပ်ကွက်က အိမ် ၂ လုံးလောက်လည်း ပါသွားတယ်။” ထားဝယ်မီးသတ်ကို ညနေ လေးနာရီခွဲလောက် ဖုန်းနဲ့ဆက်သွယ်မေးကြည့်တော့ တာဝန်ကျ မီးသတ်ဝန်ထမ်းက ထားဝယ်က မီးသတ်ကား ၇ စီး၊ အနီးနားမြို့တွေဖြစ်တဲ့ ရေဖြူ၊လောင်းလုံနဲ့ သရက်ချောင်းတို့က မီးသတ်ကား ၇ စီး စုစုပေါင်း မီးသတ်ကား ၁၄စီးနဲ့ မီးငြိမ်းသတ်နေတယ်လို့ပြောပါတယ်။ ဘယ်ကစလောင်ပြီး အိမ်ခြေဘယ်လောက်ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ အင်တာနက်အွန်လိုင်းပေါ်တက်လာတဲ့ မီးလောင်ကျွမ်းနေတဲ့ဓာတ်ပုံတွေထဲမှာတော့ မြို့က ရေဖြန့်ဖြူးတဲ့ ပုဂ္ဂလိကဒေသတွင်းလုပ် ရေကားတွေလည်း မီးငြိမ်းသတ်တဲ့နေရာမှာ ၀ိုင်းဝန်း ငြိမ်းသတ်နေကြတာ တွေ့မြင်ရပါတယ်။ ဓာတ်ပုံ - ဖိုးဇော် (ထားဝယ်)၊ ထားဝယ်မြို့တော် [gallery ids="91105,91106,91107,91108,91109,91110,91111,91112"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024