Home
သတင်းဓာတ်ပုံ
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု မန္တလေးတွင် ကန့်ကွက်ဆန္ဒပြ
DVB
·
March 21, 2015
Untitled-3 copy
Untitled-2 copy
Untitled-1 copy
လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုံချတဲ့အနေနဲ့ မန္တလေးမြို့မှာ ဒီနေ့မနက် ၉ နာရီက ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လူဦးရေ ၃၀၀ ကျော်ဟာ ၈၅ လမ်း၊ ၃၅ လမ်းထောင့် မြတောင်တိုက်ရှေ့ကနေ စတင်ထွက်ခွာလာခဲ့ပြီး လမ်း ၈၀၊ ၃၅ လမ်းထောင့်၊ လမ်း ၈၀၊ လမ်း ၃၀ ထောင့်၊ လမ်း ၃၀ ၈၄ လမ်းထောင့်ထိ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ မန္တလေး၊ မုံရွာ၊ မိုးကုတ်၊ စစ်ကိုင်းက နိင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ မြို့ခံပြည်သူလူထုတွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြမှု နေ့လယ် ၁၁နာရီခွဲကျော်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ မတ်လ ၁၀ ရက်က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို သာယာဝတီထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ သတင်းဓာတ်ပုံ - စူပါ [gallery ids="86541,86540,86539"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024