Home
နိုင်ငံတကာ
အော်စကာအကယ်ဒမီဆုပေးပွဲတွင် One Battle After Another ဇာတ်ကားက ၆ ဆု ဆွတ်ခူး
DVB
·
March 16, 2026
Photo: REUTERS/Mike Blake

ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီ (AMPAS) က ပေးတဲ့ ၉၈ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့က ဟောလိဝုဒ်မှာရှိတဲ့ ဒေါ့ဘီ ပြဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။

ဆုပေးပွဲအတွင်း AMPAS က ၂၀၂၅ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အကယ်ဒမီဆု အမျိုးအစား ၂၄ မျိုးကို ပေးအပ်ခဲ့တာမှာ One Battle After Another ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆုတွေ အပါအဝင် ဆု ၆ ဆုနဲ့ ဦးဆောင်ခဲ့ပါတယ်။

Hamnet ဇာတ်ကားက ဂျက်စီ ဘက်ကလီက အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ Sinners ဇာတ်ကားက မိုက်ကယ် ဘီ ဂျော်ဒန်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရခဲ့တာပါ။

အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို အေမီ မာဒီဂန်က Weapons ဇာတ်ကားနဲ့ ရခဲ့ပါတယ်။

အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရှောင်ပင်းက One Battle After Another ဇာတ်ကားနဲ့ ရခဲ့ပါတယ်။

အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မွေးစားဇာတ်ညွှန်းကို ပေါလ် သောမတ်စ် အန်ဒါဆန်က One Battle After Another ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုကို Sinners ဇာတ်ကားအတွက် ရိုင်ယန် ကူးဂလာက ရခဲ့တာပါ။

အကောင်းဆုံး နိုင်ငံတကာဇာတ်ကားဆုကို ဒါရိုက်တာ ယွာကင်မ် ထရီယေး ရိုက်ကူးပြီး နော်ဝေ၊ ဆွီဒင်နဲ့ အင်္ဂလိပ်ဘာသာတို့နဲ့ ပြခဲ့တဲ့ နော်ဝေရုပ်ရှင် Sentimental Value က ရခဲ့ပါတယ်။

အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို Mr Nobody Against Putin ဇာတ်ကားက ရခဲ့ပြီး အကောင်းဆုံး မှတ်တမ်းရုပ်ရှင်တိုဆုကိုတော့ All the Empty Rooms ဇာတ်ကားက ရခဲ့ပါတယ်။

အကောင်းဆုံးကာတွန်းရုပ်ရှင်ဆုနဲ့ အကောင်းဆုံး မူရင်းသီချင်း တေးဂီတဆုကို Golden ဇာတ်ကားနဲ့ KPop Demon Hunters အဖွဲ့က ဆွတ်ခူးရရှိခဲ့ပါတယ်။

အကယ်ဒမီဂုဏ်ထူးဆောင်ဆုတွေကိုတော့ ဒက်ဘီအယ်လန်၊ တွမ်ခရုစ်နဲ့ ဝင်း သောမတ်စ် တို့က အသီးသီး ရခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013