
အီရတ်မှာရှိတဲ့ အမေရိကန်သံရုံးကို ဒုံးကျည်ထိမှန်ခဲ့ပြီးနောက် မီးလောင်နေတဲ့ပုံရိပ်တွေ ထွက်ပေါ် လာပါတယ်။
ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို ဒုံးကျည် ၁ စင်းထိမှန်ခဲ့တယ်လို့ အီရတ် လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူတွေက ရိုက်တာကို မတ် ၁၄ ရက်မှာ အတည်ပြု ပြောခဲ့တာပါ။
ရုပ်သံမှတ်တမ်းတွေအရလည်း သံရုံးမီးလောင်နေပုံကို တွေ့ရပြီး မီးခိုးတွေ ထွက်နေတာကို အဝေး ကနေ လှမ်းမြင်ရပါတယ်။
အီရတ်မီဒီယာနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်သံရုံး ဒုံးကျည် ထိမှန်ခဲ့တဲ့ နေ့ကိုလည်း အတည်ပြုခဲ့ပါတယ်။
အမေရိကန်သံရုံး ဒုံးကျည်ထိမှန်တာနဲ့ ပတ်သက်ပြီး အီရတ်လုံခြုံရေးအဖွဲ့က ဘယ်လောက် ပျက်စီး ခဲ့လဲဆိုတာ အသေးစိတ်ပေးပို့တာမျိုး မရှိသေးပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။
အီရန်နိုင်ငံကလည်း အစ္စရေးနဲ့ အမေရိကန်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source: Reuters


