
ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးတိုက်စစ်ကစားသမား ပက်ဒရိုနက်တိုကို ခေါ်ယူဖို့ စိတ်ဝင်စား နေတာကြောင့် အငှားနဲ့ လာရောက်ကစားနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ရာသီကုန်မှာ မန်ယူအသင်း ထံ ပြန်ရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ စပိန်မှာ ခြေစွမ်းပြနေပြီး ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ဝယ်ယူ ခွင့်ရှိပေမဲ့ ဘာစီလိုနာဘက်က နီတိုရဲ့ ဘက်စုံကစားနိုင်စွမ်းနဲ့ နည်းပြ ဟန်ဆီဖလစ်ရဲ့ လိုအပ်ချက် တွေကြောင့် အပြောင်းအလဲလုပ်ဖို့ စဉ်းစားနေတာပါ။
ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ဟာ လာမဲ့ မတ်လ ၁၅ ရက်မှာ ကျင်းပမဲ့ ဘာစီလိုနာ ဥက္ကဋ္ဌ ရွေးကောက်ပွဲ အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။
လက်ရှိဥက္ကဋ္ဌ လာပေါ်တာ အနိုင်ရရင် ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့ ရှိနေပေမဲ့ ပြိုင်ဘက်ဖြစ်သူ ဗစ်တာဖောင့်ကတော့ ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
တကယ်လို့ဘာစီလိုနာက အပြီးသတ်မဝယ်ဖြစ်ရင် မန်ယူအသင်းအနေနဲ့ တပတ်လုပ်ခ ပေါင် ၃၁၅,၀၀၀ ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့ လစာလျှော့ချရေး စီမံကိန်းတွေကြားမှာ ပြန်လည် လက်ခံဖို့ အခက်တွေ့နိုင်ဖွယ် ရှိနေပါတယ်။
Photo: Reuters


