Home
သတင်းဓာတ်ပုံ
ထိုင်းရိုးရာ ဂမ္ဘီရတက်တူးပွဲတော်ဆင်နွှဲ (ဓာတ်ပုံ) 
DVB
·
March 8, 2026
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်မှာရှိတဲ့ ဝပ်ဘန်ဖရာ ဘုရားကျောင်းမှာ မတ်လ ၇ ရက်က ထိုင်းရိုးရာ ဂမ္ဘီရတက်တူး ဆရာတော်ကြီး “လွမ်ဖောပန်း” ကို ကြည်ညိုသူ ထောင်ပေါင်းများစွာ  စုဝေးခဲ့ကြပြီး  ဂုဏ်ပြုအောက်မေ့ပူဇော်တဲ့ နှစ်စဉ်ကျင်းပမြဲ “ထိုင်ဝိုက်ခရူ” ပွဲတော်ကို ကျင်းပပါတယ်။

ဝပ်ဘန်ဖရာ ဘုရားကျောင်းမှာ အခမ်းအနားပြုလုပ်နေစဉ်အတွင်း တချို့သူတွေဟာ သူတို့ကိုယ်ကို မထိန်းချုပ်နိုင်သလိုမျိုး ပြေးလွှားတာ၊ ဟိန်းဟောက်တာနဲ့ အော်ဟစ်တာတွေ လုပ်ခဲ့ကြပါတယ်။

သူတို့ ထိုးထားတဲ့ စာ့က်ယန့် ခေါ် ယုံကြည်မှုဆိုင်ရာတက်တူးတွေက မကောင်းမှု ဘေးအန္တရာယ်တွေ ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ပြီး ကံကောင်းမှုနဲ့ ရောဂါဝေဒနာတွေကိုတောင် ပျောက်ကင်းစေတဲ့ ကျန်းမာရေးကို ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ 

ထိုင်းတက်တူး နှစ်သက်ယုံကြည်သူ အသက် ၃၅ နှစ်ရှိ နတ်ထ်က သူဟာ ဘာသာရေးဆိုင်ရာ တက်တူးတွေကို အနုပညာလက်ရာတခုလိုမျိုး စတင်ထိုးနှံခဲ့တာဖြစ်ပြီး ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေကို ခန္ဓာကိုယ်အနှံ့ အပြည့်ထိုးထားရင် အရမ်းကြည့်ကောင်းတယ်လို့လည်း ပြောပါတယ်။

ဒီပွဲတော်မှာ တခြားနေရာတွေမှာတောင် တွေ့ရခဲတဲ့ စစ်မှန်ပြီး တန်ဖိုးရှိတဲ့ ထိုင်းရိုးရာတက်တူးတွေကို အများကြီး မြင်တွေ့ရမှာပါလို့လည်း ဆိုပါတယ်။ 

ဒီပွဲကို တက်ရောက်လာတဲ့ ထိုင်းတက်တူးဝါသနာရှင် အသက် ၄၅ နှစ်ရှိ နာထရူးချာ ဆီဝါချတ်မီထရီ ကလည်း သူဟာ ကားမှောက်တာ၊ ရန်ဖြစ်ပြီး ဓားနဲ့ အတိုက်ခိုက်ခံရတာတွေ ကြုံခဲ့ရပေမဲ့ ဒီတက်တူးတွေရဲ့ အစွမ်းကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်လို့ အခိုင်အမာ ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ လူဦးရေ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး နှစ်စဉ်ကျင်းပတဲ့ တက်တူးပွဲတော်မှာ နှစ်သက်ယုံကြည်သူတွေ စုဝေးကြကာ အချင်းချင်း အပြန်အလှန် လေးစားဂုဏ်ပြုကြပြီး သူတို့ရဲ့ ဘာသာရေးတက်တူးတွေရဲ့ ဝိညာဉ်ရေးရာစွမ်းအားတွေကို ပြန်လည်အားဖြည့်ကြတယ်လို့ ဆိုပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013