
မန်ယူနိုက်တက် လူငယ်ကစားသမား ဂျက်ဖလက်ချာဟာ ပြိုင်ဘက်ကစားသမားကို လိင်တူနှိမ်ချ စော်ကားတဲ့အသုံးအနှုန်း သုံးခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ၆ ပွဲပယ် ပြစ်ဒဏ်နဲ့ စတာလင်ပေါင် ၁,၅၀၀ ဒဏ်ငွေ ချမှတ်ခံခဲ့ရပါတယ်။
ဖလက်ချာဟာ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ကစားခဲ့တဲ့ ယူ-၂၁ EFL ဖလားပြိုင်ပွဲဖြစ်တဲ့ ဘန်စလေနဲ့ ပွဲစဥ်မှာ လူစားလဲစဥ် ပွဲရပ်နားချိန်မှာ ပြိုင်ဘက်ကစားသမားကို လိင်တူစော်ကားတဲ့ စကားလုံး (Gay boy) လို့ ခေါ်ဆိုခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အခု အရေးယူခြင်း ခံခဲ့ရတာပါ။
ဖလက်ချာကတော့ သူ့အနေနဲ့ စိတ်တိုနေတဲ့ချိန်မှာ ပြောမိတာဖြစ်ပြီး လိင်တူချစ်သူတွေကို စော်ကား လိုစိတ် မရှိခဲ့ပေမဲ့ ဒါဟာ လက်သင့်ခံနိုင်စရာ အပြုအမူ မဟုတ်တာ နားလည်ကြောင်း ပြောကာ ပွဲပြီးပြီးချင်းမှာပဲ ဝန်ခံတောင်းပန်ခဲ့ပါတယ်။
ဂျက်ဟာ ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖလက်ချာရဲ့ အမြွှာသား ၂ ယောက်ထဲက တယောက် ဖြစ်ပါတယ်။
Photo: Reuters


