
ဥရောပချန်ပီယံလိဂ်ရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၇ ရက်က မဲခွဲခဲ့ရာမှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းတို့ တွေ့ဆုံနေပါတယ်။
အဲဒီနှစ်သင်းဟာ မနှစ်က ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ တွေ့ခဲ့ကြပြီး ရီးရဲလ်အသင်းက နှစ်ကျော့စလုံး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်သွားခဲ့တာပါ။
ဒီနှစ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာလည်း ဒီနှစ်သင်းတွေ့ခဲ့သေးပြီး အဲဒီပွဲမှာတော့ ရီးရဲလ်ကွင်း ဘာနေဗျူးမှာ မန်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
တခြားပွဲစဉ်တွေမှာလည်း စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အင်္ဂလန်ကလပ် စပါးအသင်းတို့ တွေ့ဆုံနေပြီး လက်ရှိချန်ပီယံ PSG အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ တွေ့ဆုံ နေပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေကိုတော့ လာမဲ့ မတ် ၁၁ ရက်မှာ စတင်ကစားမှာ ဖြစ်ပါတယ်။
Photo:Reuters


