Home
အနုပညာ
စဝ်စန်ယောင်းဟွေနှင့် ရှမ်းလက်နက်ကိုင်တော်လှန်ရေးအကြောင်းစာအုပ် မိတ်ဆက်
DVB
·
February 25, 2026
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ရဲ့သား စဝ်စန်ယောင်းဟွေနဲ့ ရှမ်းလက်နက်ကိုင် တော်လှန်ရေးအကြောင်း ဝါရင့်သတင်းစာဆရာ ဘာတေးလ်လစ်တနာတို့ ဇနီးမောင်နှံ ရေးသားထားတဲ့ စာအုပ်မိတ်ဆက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (CMU) လူမှုသိပ္ပံဌာနမှာ ပြုလုပ်ခဲ့ပါတယ်။

Young Tigers: Chao Tzang Yawnghwe and the Shan Rebellion in Myanmar လို့ အမည်ရတဲ့ စာအုပ်ကိုတော့ ဆွီဒင်နိုင်ငံသား ဝါရင့် သတင်းထောက်၊ စာရေးဆရာ ဘာတေးလ်လစ်တနာနဲ့ နန်းဆန်နောင်းလစ်တနာတို့ ပူးတွဲရေးသားထားတာဖြစ်ပါတယ်။

ဒီစာအုပ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ရဲ့ သားဖြစ်သူ စဝ်စန်ယောင်းဟွေရဲ့ ဘဝဖြတ်သန်းမှုနဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးသမိုင်း အစပျိုးပုံကို တင်ပြထားတာလည်း ဖြစ်ပါတယ်။

သတင်းစာဆရာ ဘာတေးလ်လစ်တနာက “စဝ်စန်ယောင်းဟွေဟာ ကျနော်တို့ရဲ့ မိတ်ဆွေဟောင်းတယောက် ဖြစ်သလို နည်းလမ်းပေါင်းစုံနဲ့ ကျနော့်ကို လမ်းညွှန်ပေးခဲ့တဲ့ ဆရာတယောက်လည်း ဖြစ်ပါတယ်။ ကျနော် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေး ပြဿနာတွေကို စတင်လေ့လာချိန်မှာ သူ့ရဲ့ဘဝဟာ တနိုင်ငံလုံးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို ထင်ဟပ်နေတယ်လို့ ကျနော် မြင်ခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

သူက ဆက်ပြီး “လူတွေအနေနဲ့ သူ့လိုမျိုး ပုဂ္ဂိုလ်ထူးတွေရဲ့ အကြောင်းကို လေ့လာခြင်းဖြင့် အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့နဲ့ ရှေ့ဆက်သွားမဲ့ လမ်းစကို ရှာဖွေနိုင်မယ်” လို့လည်း ဆိုပါတယ်။

ဒီစာအုပ်မိတ်ဆက်ပွဲနဲ့ ဆွေးနွေးပွဲကို Silkworm Books နဲ့ ချင်းမိုင်တက္ကသိုလ်၊ ဒေသဆိုင်ရာ လူမှုသိပ္ပံနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန (RCSD) တို့ ပူးပေါင်းစီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

Silkworm Books ထုတ်ဝေသူ ထရာဆဝင်းဂျစ်တီဒယ်ခါရတ်ခ်က“ဒီစာအုပ်ကို ဘာလို့ ထုတ်ဝေတာလဲဆိုရင် ကျွန်မတို့ ဒေသတွင်းမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို ကမ္ဘာကသာမက ဒေသတွင်းက လူတွေပါ ပိုမိုသိရှိဖို့ လိုအပ်တယ်လို့ ခံစားရတာကြောင့်ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒီစာအုပ်ကိုတော့ မြန်မာဘာသာ ပြန်ဆိုဖို့အတွက် မြန်မာ ထုတ်ဝေသူတယောက်က ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သလို နောက်လအနည်းငယ်အတွင်း ထွက်ရှိလာဖွယ်ရှိတယ်လို့လည်း သိရပြီး ထိုင်းဘာသာပြန်စာအုပ်ကိုတော့ လာမဲ့နှစ်မှာ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013