
အသင်းအတွက် မစွမ်းဆောင်နိုင်တော့ဘူးလို့ ထင်တဲ့အချိန်မှာ အသင်းကနေ နုတ်ထွက်သွားမှာဖြစ်ကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောသွားပါတယ်။
နယူးကာဆယ်ဟာ မနှစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အထိ ခြေစွမ်းပြခဲ့ပေမဲ့ အခုနှစ်ရာသီပွဲစဉ် ကစားပြီးချိန်မှာ အဆင့် ၁၂ နေရာ ရောက်နေတာပါ။
မိမိဟာ အသင်းအတွက် မှန်ကန်သင့်တော်တဲ့ နည်းပြဆိုတာ သံသယဖြစ်စရာ မရှိတာကြောင့် အသင်းနည်းပြထိုင်ခုံမှာ ဆက်ရှိနေတာဖြစ်ပြီး အသင်းအတွက် မစွမ်းဆောင်နိုင်ဘူးလို့ ထင်တဲ့အချိန်မှာ နုတ်ထွက်မှာဖြစ်ကြောင်း နည်းပြဟောင်းက ပြောပါတယ်။
အသင်းက အရာအားလုံးရဲ့ အရေးပါဆုံးအရာဖြစ်ပြီး မိမိအတွက် ရှေ့တန်းတင်ပြီး လုပ်ဆောင်မှာ မဟုတ်ကြောင်း နည်းပြဟောင်းက ပြောပါတယ်။
နယူးကာဆယ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ တပွဲသာ အနိုင်ရရှိထားပြီး နည်းပြအက်ဒီဟောင်းအတွက် ဖိအားပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters


