
ဗီလာတိုက်စစ်မှူးဟောင်း ဂျွန်ဒူရမ်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းဆီ အငှားစာချုပ်နဲ့ ထပ်မံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ကိုလံဘီယာတိုက်စစ်မှူးဟာ ဗီလာမှာ ရှိစဉ်က ထွန်းတောက်လာမဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပေမဲ့ ၂၀၂၅ ခုနှစ်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီပေါင် ၇၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။
အယ်လ်နာဆာမှာ စီရော်နယ်ဒိုနဲ့ အတူ တွဲဖက်ပြီး ၁၃ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပြီးခြေစွမ်းပြခဲ့ပေမဲ့ အခုနှစ်ရာသီမှာတော့ တူရကီကလပ် ဖီနာဘာချီအသင်းဆီ အငှားချခြင်းခံခဲ့ရသူပါ။
ဖီနာဘာချီမှာ ၁၀ ပွဲ သာကစားခဲ့ရတဲ့ ဒူရမ်ဟာ လက်ရှိအချိန်မှာတော့ ဇင်းနစ်အသင်းဆီ အငှားစာချုပ်နဲ့ပဲ ထပ်မံပြောင်းရွှေ့ဖို့ သဘောတူခဲ့တာပါ။
ဇင်းနစ်ဟာ ဒူရမ်အတွက် ၆ သင်းမြောက် ကလပ်ဖြစ်လာမှာပါ။ ဒူရမ်ဟာ ဆော်ဒီလိဂ်မှာ ကစားစဉ်က အယ်လ်နာဆာအသင်းနဲ့ မိုင်းပေါင်း ၃၀၀ လောက်ဝေးတဲ့ ဘာရိန်းနိုင်ငံမှာ အခြေချနေထိုင်ကာ ကစားခဲ့တာဖြစ်ပြီး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
Photo: Reuters


