
လက်စတာအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ ၆ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။
ချန်ပီယံရှစ်ကလပ်ဟာ မနှစ်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီး အမှတ်လျှော့ ပြစ်ဒဏ်ကြောင့် ၂ ရာသီဆက်တိုက် တန်းဆင်းရမဲ့အရေးနဲ့ ရင်ဆိုင်ရတော့မှာပါ။
ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီက အသင်းရဲ့ ငွေကြေးသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး လိဂ်ကချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်းနဲ့ နှစ်စဉ်တင်ပြရမဲ့ စာရင်းတွေကို သတ်မှတ်ရက်အမီ မတင်ပို့ခဲ့ကြောင်း ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်စတာဟာ အမှတ်လျှော့ပြစ်ဒဏ်ကြောင့် တင်းဆင်းဇုန်က အသင်းတွေနဲ့ ရမှတ်တူသွားပြီး ဂိုးကွာခြားချက်ကြောင့် အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။


