Home
အားကစား
အီတလီတိုက်စစ်မှူး ဘာလိုတယ်လီ ယူအေအီးကလပ်ဆီ ပြောင်းရွှေ့မည်
DVB
·
January 10, 2026
Photo :Reuters

အီတလီတိုက်စစ်မှူး မာရီယိုဘာလိုတယ်လီဟာ ယူအေအီး ဒုတိယတန်းကလပ် အယ်လ်အစ်တီဖက် အသင်းဆီ ပြောင်းရွှေ့ကစားတော့မယ်လို့ သိရပါတယ်။

ဘာလိုတယ်လီဟာ ပြီးခဲ့တဲ့နှစ်က စီးရီးအေကလပ် ဂျီနိုအာမှာ ကစားခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာပါ။ အသက် ၃၅ နှစ်ရှိလာပြီဖြစ်ပေမဲ့ ကစားသမားဘ၀ကနေ အနားယူဖို့ မစဉ်းစားသေးဘဲ ယူအေအီးလိဂ်မှာ ကစားဖို့ ရှိလာတာပါ။

ဘာလိုတယ်လီဟာ နှစ်သစ်ကူးကာလမှာ မော်လ်ဒိုက်ကမ်းခြေဆီ လာရောက်အပန်းဖြေခဲ့ပြီး ဘောလုံးလှုပ်ရှားမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

မော်လ်ဒိုက်က ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ ပါဝင်ကစားကြတဲ့အမှတ်တရ ဘောလုံးပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး သူ့ရဲ့နာမည်ကျော် အောင်ပွဲခံမှုတခုဖြစ်တဲ့ Why Always Me စာသားနဲ့ အောင်ပွဲခံမှုလည်း လုပ်ဆောင်သွားခဲ့ပါတယ်။

အီတလီတိုက်စစ်မှူးဟာ  ကစားသမားဘဝတလျှောက် ၁၄ ကြိမ်မြောက် အသင်းအပြောင်းရွှေ့ လုပ်ဆောင်တော့မှာဖြစ်ပြီး အင်တာမီလန်၊ မန်စီးတီး၊ အေစီမီလန်၊ လီဗာပူး အစရှိတဲ့ ထိပ်တန်းအသင်းတွေမှာလည်း ပါဝင်ကစားခဲ့ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013