
အီတလီရဲတပ်ဖွဲ့ဟာ စစ္စလီကျွန်းအရှေ့ဘက်က လုံခြုံရေးစစ်ဆင်ရေးတခုအတွင်း ၁၁ ဒသမ ၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ "mega bomb"လို့ခေါ်တဲ့ ဧရာမဗုံးတလုံး အပါအဝင် စွမ်းအားမြင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ၂၂၀ ကီလို ဂရမ်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။
တရားမဝင် မီးရှူးမီးပန်းရောင်းဝယ်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးအတွင်း ခုလိုဖမ်းမိခဲ့တာပါ။
ဗင်ကားတစီးကို ရပ်တန့်ပြီးတဲ့နောက် ဗုံးရှင်းလင်းရေးပညာရှင်တွေဟာ ကားထဲကနေ ပညာရှင်အဆင့် မီးရှူးမီးပန်း အခွံအများအပြားနဲ့ လောင်ချာမော်တာတွေကို တွေ့ရှိခဲ့ပါတယ်။
ရဲအရာရှိတွေက ကားပေါ်မှာ ခရီးသွားနေတဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့က ဒီ ပစ္စည်းတွေဟာ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေပါတဲ့ သီးသန့်နှစ်သစ်ကူးပွဲအတွက် ရည်ရွယ်ထားတာလို့ ပြောခဲ့ကြပါတယ်။
ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ ပေါက်ကွဲစေတတ်တဲ့ အမှုန့်တွေ အလွန်မြင့်မြင့်မားမား ပါဝင်ပြီး သာမန်သုံးစွဲသူအဆင့်အတွက် မီးရှူးမီးပန်းတွေထက်ယမ်းပါဝင်နှုန်း အများကြီး ကျော်လွန်နေတယ်၊ မှားမှားယွင်းယွင်း ကိုင်တွယ်ရင် အပြင်းအထန် ပျက်စီးနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters


