Homeသတင်းဓာတ်ပုံ
ဂျပန် ရှင်တိုဘုရားကျောင်းနှင့် နတ်ကွန်းများ၌ နှစ်သစ်ကူးနေ့ ဆုတောင်းသူများစည်ကား (ဓာတ်ပုံ)
ဂျပန် ရှင်တိုဘုရားကျောင်းနှင့် နတ်ကွန်းများ၌ နှစ်သစ်ကူးနေ့ ဆုတောင်းသူများစည်ကား (ဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
January 1, 2026
၂၀၂၆ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ကို ကူးပြောင်းတဲ့ အရုဏ်တက်ချိန်မှာ ဂျပန်နိုင်ငံတဝန်းရှိ ရှင်တိုဘုရားကျောင်းတွေနဲ့ နတ်ကွန်းတွေမှာ နှစ်သစ်ကူး ဆုတောင်းသူတွေနဲ့ အထူးစည်ကားနေ ပါတယ်။
ယိုကိုဟားမားမြို့အနီးရှိ ကမာကုယ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာလည်း ဂျပန်နိုင်ငံတဝန်းက ပြည်သူတွေသာမက မြန်မာနိုင်ငံသားတွေလည်း လာရောက်ဖူးမြော်ကြတာကို တွေ့ရပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသား ၁၆၀,၀၀၀ ရောက်ရှိနေထိုင် နေကြတယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။












