
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်တပ်က ဒီဇင်ဘာ ၂၅ ရက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ညနေ ၄ နာရီနဲ့ ၆ နာရီမှာ ပစ်ခတ်ခဲ့တာတာဖြစ်ပြီး ကညင်တိုင်းကျေးရွာအုပ်စုထဲက အသက် ၆၆ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ ၃၄ နှစ်အရွယ် အမျိုးသား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးတော့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်အပါအဝင် ဒေသခံ အမျိုးသား ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ စောပြာရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချလို့ ဒေသခံတွေရဲ့ အိမ် ၁၀ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ညနေကလည်း လေးမျက်နှာမြို့နယ်၊ ခတ်ချိုကုန်းရွာကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲလို့ အမျိုးသား ၁ ယောက်သေဆုံးပြီး ၁၇ ရက်မှာလည်း စောပြာရွာကို ပါရာမော်တာနဲ့ ဗုံးကြဲတာကြောင့် အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပါတယ်။


