
Freestyle စစ်တုရင် ဂရင်းစလင်း အာဖရိကပြိုင်ပွဲမှာ လက်ရှိချန်ပီယံ လေဗွန်အာရိုနန်က ဗိုလ်စွဲပြီး ၂ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်သွားပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ အမေရိကန်စစ်တုရင်သမား အာရိုနန်ဟာ ကမ္ဘာ့အဆင့် ၁ စစ်တုရင်သမား မတ်ဂနက်ကာလ်ဆန်ကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
ဗိုလ်လုပွဲမှာ အာရိုနန်က ပထမပွဲမှာ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ဒုတိယပွဲမှာ သရေကစားနိုင်ခဲ့တာကြောင့် အနိုင်ရခဲ့တာပါ။
ပြိုင်ပွဲတလျှောက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ အာရိုနန်ဟာ ဆုကြေးငွေ ဒေါ်လာ ၂၀၀,၀၀၀ ရရှိခဲ့ပါတယ်။
ကာလ်ဆန်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ Freestyle ဂရင်းစလန်းတိုးပြိုင်ပွဲ အားလုံးတို့မှာ အကောင်းဆုံး ကစားသသမားအဖြစ် အင်္ဂါနေ့က ရပ်တည်နိုင်ခဲ့ပေမဲ့ တောင်အာဖရိကပြိုင်ပွဲမှာ ဒုတိယဆုသာ ရရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် Freestyle ပြိုင်ပွဲအားလုံးမှာ တောင်အာဖရိကပြိုင်ပွဲက နောက်ဆုံးကျင်းပတာဖြစ်ပြီး ဒီနှစ်အတွက် ပြိုင်ပွဲအားလုံး ပြီးဆုံးပြီဖြစ်ပါတယ်။
Source: Reuters


