
ထိုင်းနိုင်ငံကနေပြီး တောင်ကိုရီးယားနိုင်ငံသားတွေကို အွန်လိုင်းကနေ လိမ်လည် ငွေယူနေတဲ့ တောင်ကိုးရီးယား နဲ့ တရုတ်နိုင်ငံသားပါ ကျားဖြန်ဂိုဏ်းသား ၁၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားနည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံသားအချိူ့ဟာ ထိုင်းနိုင်ငံကနေပြီး တောင်ကိုရီးယားရှိ မိမိနိုင်ငံသားချင်းပေါ်မှာ အွန်လိုင်းကနေ နည်းအမျိုးမျိုးနဲ့ ငွေလိမ်ယူနေတာမှာ တောင်ကိုးရီးယား ဝမ်ငွေ ၂၀,၀၀၀ (ထိုင်းဘတ်ငွေ ဘတ်သန်းပေါင်း ၅၀၀ ခန့်) ဆုံးရှုံးတယ်၊ ပူးပေါင်းအရေးယူပေးဖို့ တောင်ကိုရီးယားနိုင်ငံက အကြောင်းကြားတာကြောင့် လိုအပ်သလို စုံစမ်းထောက်လှမ်းပြီး တာဝန်ရှိသူတွေနဲ့အတူ ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေရှိ နေအိမ်တလုံးကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ဖာနုဖတ် ကစ်သီဖန်းက ပြောပါတယ်။
အဆိုပါနေအိမ်မှ တောင်ကိုးရီးယားအမျိုးသား ၄ ယောက်ကို ဖမ်းဆီးပြီး သူတို့ဟာ ကျားဖြန့်လုပ်ကြောင်းဝန်ခံတယ်၊ ဒီမတိုင်ခင်က ကမ္ဘောဒီးယားနိုင်ငံမှာ အခြေစိုက်လုပ်ကိုင်ပြီး အခြေအနေအရ ထိုင်းဘက်ကို ပြောင်းလာတာလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သူတို့ကွန်ရက်အဖွဲ့ဟာ ဘန်ကောက် လုမ္ပဏီနယ်မြနဲ့ ဖရလမ်းဆာမ် နယ်မြေမှာလည်း ရှိသေးတယ်လို့ သိရတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တယ်၊ နှစ်နေရာလုံး အခန်းဖွဲ့စည်းပုံ တပုံစံတည်း လုပ်ထားတယ်။ အထဲမှာ အလုပ်စားပွဲ၊ ကုလားထိုင်၊ ကွန်ပြူတာ၊ တယ်လီဖုန်း၊ အင်တာနက်ချိတ်ဆက်ကရိယာတွေရှိပြီး စားပွဲပေါ်မှာလည်း သားကောင် (လိမ်လည်မည့်သူ) ရဲ့ အချက်အလက်တွေ ရေးမှတ်ထားတယ်၊ ဒါ့အပြင် ရှေ့နေလို ဟန်ဆောင်ထားတဲ့ ဓာတ်ပုံ၊ စာရွက်စာတမ်းအတုတွေပါ တွေ့ရှိတယ်။ တာဝန်ရှိသူတွေဟာ အဆိုပါနေအိမ်မှ တောင်ကိုးရီးယားနိုင်ငံသား ၁၀ ယောက်နဲ့ တရုတ်နိုင်ငံသား ၃ ယောက် စုစုပေါင်း ၁၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
သူတို့တွေဟာ မနှစ် ၂၀၂၄ အောက်တိုဘာ ၁၇ ရက်မှ ဒီ ၂၀၂၅ နိုဝင်ဘာ ၂၈ ရက်နေ့ထိ တောင်ကိုးရီးယားနိုင်ငံသားတွေရဲ့ ငွေကြေးပေါင်း ၂၀, ၀၀၀ ဝမ်ကျော် ထိုင်းဘတ် သန်းပေါင်း ၅၀၀ ခန့်ကို လိမ်ယူခဲ့တယ်၊ လိမ်နည်းတွေမှာလည်း ကွန်ရက်စီးပွားရေးပုံစံ ရင်းနှီးမြှုပ်နှံခိုင်းတာ၊ အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူ အယောင်ဆောင်ပြီး ငွေလိမ်ယူတာ စသဖြင့် အမျိုးမျိုးရှိတယ်လို့ တောင်ကိုးရီးယားကိုယ်စားလှယ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကွန်ပြူတာတွေ ဖုန်းတွေနဲ့ ရုံးချိန်မဟုတ်ဘဲ အချိန်မတော်အလုပ်လုပ်နေတာ၊ အထူးသဖြင့် နိုင်ငံခြား နဲ့ အိမ်နီးချင်းနိုင်ငံမှ အလုပ်ချိန်နဲ့ကိုက်ပြီး အလုပ်လုပ်နေတာတွေ့ရင် တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ရဲမှူးကြီး ဖာနုဖတ် ကစ်သီဖန်းက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
Source: ThaiPBS


