Home
သတင်းဓာတ်ပုံ
တိုကျို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုတွင် မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်
DVB
·
December 8, 2025
Protest1_08122025
Protest4_08122025
Protest3_08122025
Protest2_08122025
Protest7_08122025
Protest_08122025
Protest5_08122025

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၇ ရက်က ကျင်းပတဲ့ တိုကျိုမြို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနဲ့ ချီတက်ပွဲမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတူပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ပြည်သူ ၂ သောင်းကျော်ကို ဖမ်းဆီးအကျဉ်းချထားတာ၊ နိုင်ငံတဝန်း ကလေးသူငယ်တွေ ရှိနေတဲ့ စာသင်ကျောင်းပါမကျန် ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဂျပန်အပါ ကမ္ဘာနိုင်ငံအသီးသီးက ပိုပြီးသိရှိရအောင် ဒီနေ့ပွဲမှာ ပူးပေါင်းပါဝင်ရတာလို့ မြန်မာ့အရေးလှုပ်ရှားနေသူ we for all အဖွဲ့မှ ကိုမျိုးမင်းဆွေက ရှင်းပြခဲ့ပါတယ်။

ဂျပန်နိုင်ငံရှိ တိဘက်၊ ဝီဂါ၊ ဟောင်ကောင်၊ ကမ္ဘေားဒီယား၊ ဘယ်လာရုစ်၊ အီရန်၊ မြောက်ကိုရီးယား အပါအဝင် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား တိုးများလာ နေတာကို ဂျပန်နိုင်ငံရောက် ကယန်းတိုင်းရင်းသူတယောက်က ဟောပြောပွဲမှာ ရှင်းပြပြောဆိုခဲ့ပါတယ်။

ဒီနေ့လုပ်တဲ့ တိုကျိုနိုင်ငံတကာ လူ့အခွင့်အရေးနေ့လှုပ်ရှားမှုအတွင်းမှာ မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နှိပ်စက်နေတဲ့ မြန်မာစစ်အုပ်စုက ကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်တာမို့ ရွေးကောက်ပွဲနဲ့ ရလဒ်ကို နိုင်ငံအားလုံးက အသိအမှတ်မပြုကြဖို့ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြုတဲ့ All In One Piece Movement အားလည်း တပြိုင်နက်တည်း ပူးတွဲလုပ်ဆောင်ခဲ့ကြတယ်လို့ ကိုသန့်ဇော်ထက်က ပြောပါတယ်။

ဇော်ဇော်လှိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013