
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုတွေကို ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်း အုပ်စုချောင်ပေမဲ့ အင်္ဂလန်နဲ့ ပြင်သစ်တို့က ပွဲကျပ်တွေ့ခဲ့ပါ တယ်။
အာဂျင်တီးနားအသင်းက အယ်လ်ဂျီးရီးယား၊ သြစတြီးယားနဲ့ ဂျော်ဒန်တို့ပါဝင်တဲ့အုပ်စု J မှ ကျရောက်ခဲ့တာပါ။
အင်္ဂလန်အသင်းက ခရိုအေးရှား၊ ဂါနာနဲ့ ပနားမားနဲ့အတူ အုပ်စု L မှာ တွေ့ဆုံခဲ့တာပါ။ ခရိုအေးရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းကိုကျော်ဖြတ်အနိုင်ယူခဲ့ တဲ့အသင်းဖြစ်သလို ဂါနာနဲ့ ပနားမားအသင်းတို့ဟာလည်း ကြံ့ခိုင်မှုကောင်းမွန်တဲ့အသင်းတွေဖြစ်လို့ အင်္ဂလန်အတွက် စိန်ခေါ်မှုတွေရှိတဲ့ အုပ်စုဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက သုံးသပ်ကြပါတယ်။
ပြင်သစ်အသင်းကလည်း ဆီနီဂေါ၊ နော်ဝေနဲ့ ဥရောပဇုန်က ပလေးအော့ဖ်အဆင့်က နေတက်လာမဲ့ အသင်းနဲ့တွေ့ဆုံမှာဖြစ်ပြီး အင်္ဂလန်အသင်းလိုပဲ စိန်ခေါ်မှုတွေရှိမဲ့ ပွဲစဉ်တွေဖြစ်လာမှာပါ။
တခြားအသင်းကြီးတွေထဲမှာ စပိန်အသင်းက ကိတ်ဗာဒီ၊ ဆော်ဒီ၊ ဥရုဂွေးအသင်းတွေနဲ့ တွေ့ဆုံပြီး ဟော်လန်က ဂျပန်၊ တူနီးယား၊ ပလေးအော့ဖ်ကနေတက်လာမဲ့အသင်း တသင်းနဲ့တွေ့ဆုံမှာပါ။
ဂျာမနီက ကူရက်ဆာအို၊ အိုင်ဗရီကို့စ်၊ အီကွေဒေါတို့နဲ့ တွေ့ဆုံပြီး ပေါ်တူဂီက ကိုလံဘီယာ၊ ဥဇဘတ်ကစ္စတန်နဲ့ ပလေးအော့ဖ်အဆင့်ကနေတက်လာမဲ့အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။
Photo: Reuters


