
အမေရိကန်ပြည်ထောင်စု (USA) မှာ ဘာသာတရား ပြန်ထွန်းကားပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြွေးကြော်လိုက်ပါတယ်။
ရာစုနှစ်ချီ သက်တမ်းရှိတဲ့ နိုင်ငံလုံးဆိုင်ရာ ခရစ္စမတ်သစ်ပင် မီးထွန်းညှိပွဲကို ဒီဇင်ဘာ ၄ ရက်က သမ္မတနဲ့ ဇနီးသည်တို့ ဦးဆောင်ကျင်းပခဲ့တာပါ။
၃၅ ပေအမြင့်ရှိတဲ့ ဒီထင်းရှူးပင်ကိုတော့ ဗာဂျီးနီးယားပြည်နယ်၊ ဂျော့ချ်ဝါရှင်တန်နဲ့ ဂျက်ဖာဆင် အမျိုးသားသစ်တောကနေ သယ်ဆောင်လာတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ သမ္မတကတော် မယ်လာနီယာထရမ့်ပ်က မီးခလုတ်ကိုနှိပ်ပြီး ခရစ္စမတ်သစ်ပင်ကို ထွန်းညှိပေးခဲ့ပါတယ်။
သမ္မတထရမ့်ပ်ကတော့ ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ကိုးကားပြီး ဒီပွဲရဲ့ ဘာသာရေးအနှစ်သာရကို အလေးပေး ပြောကြားခဲ့ပါတယ်။
ဒီခရစ္စမတ်သစ်ပင်ကို ဇန်နဝါရီ ၁ ရက်အထိ အများပြည်သူ လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး နေ့စဉ် ညနေပိုင်းကနေ ည ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင်အထိ မီးထွန်းညှိထားမယ်လို့လည်း သိရပါတယ်။
Source: Reuters


