
နိုဝင်ဘာ ၁၉ ရက်က ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စကော့တလန်ကွင်းလယ်လူ တော်မီနေးရဲ့ နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းခဲ့တဲ့ ဂိုးဟာ ဘောလုံးသမိုင်းမှာ အမြင့်ဆုံး နောက်ပြန်ကန်ချက်ဖြစ်လာတယ်လို့ ကမ္ဘာ့အားကစားသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီပွဲမှာ တော်မီနေး နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းချိန်မှာ ဘောလုံးဟာ မြေပြင်ကနေ အမြင့် ၂ ဒသမ ၅၃ မီတာမှာ ရှိနေတာဖြစ်ပါတယ်။
ဒါဟာ တူရကီကလပ် ထရက်ဘ်ဇွန်စပေါ်က နိုင်ဂျီးရီးယားကစားသမား အွန်နျူအာချူရဲ့ ၂ ဒသမ ၄၁ မီတာ အမြင့်က နောက်ပြန်ကန်ချက်နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂ ဒသမ ၃၈ မီတာ အမြင့် နောက်ပြန်ကန်ချက် ဂိုးတွေကို ကျော်ပြီး ဘောလုံးသမိုင်းမှာ အမြင့်ဆုံး စံချိန်ဖြစ်လာတာပါ။
စကော့တလန်အသင်းကတော့ အဲဒီနေ့မှာ တော်မီနေးရဲ့ ဂိုးအပါအဝင် ၄ ဂိုး ၂ ဂိုးနဲ့ ဒိန်းမတ်အသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်သွားပြီ ဖြစ်ပါတယ်။
Photo:Reuters


