အဆိုတော် လင်းလင်း ဦးဆောင်တဲ့ ရောင်နီ Live in Minnesota ဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စုမှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁ ရက်က ကျင်းပခဲ့တာမှာ ရန်ပုံငွေ ဒေါ်လာ ၃၅,၀၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။
ရောင်နီ Live in Minnesota ဂီတဖျော်ဖြေပွဲဟာ U.S Tour ရဲ့ ၉ ပွဲမြောက်ဖြစ်ပြီး အဆိုတော်တူးတူးနဲ့ ပန်းချီဆရာမ နုယဉ်တို့ ပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။
ရောင်နီပွဲတွေရဲ့ အစီအစဉ်အတိုင်း Minnesota ပွဲမှာလည်း ရန်ပုံငွေတွေကို မြေပြင်ကို ပို့ဆောင်ခွဲဝေတာ၊ အကောင်အထည်ဖော်ဆောင်နေတာတွေကို ပွဲမစခင်မှာ အဆိုတော် လင်းလင်းက Slide Show နဲ့ ရှင်းလင်းပြောဆိုခဲ့ပြီး Zoom Meeting နဲ့ မြေပြင်က တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
Photo: Ye Hein















