
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်ဇ်က သူ့အနေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့ ဘယ်သူနဲ့မှ ပြောဆိုထားတာမရှိဘူးလို့ ဆိုပါတယ်။
သူ့ကို လာမယ့်ဘောလုံးရာသီမှာ ဆော်ဒီလိဂ်ကို ပြောင်းဖို့ သဘောတူညီချက်ရထားတာရှိတယ်လို့ လူတွေကပြောကြပေမဲ့ အဲဒါမဟုတ်ဘူးလို့ သူက ငြင်းပါတယ်။
ကလပ်အသင်းဘက်က သဘောတူထားတာဆိုရင်တောင် အဲဒါ သူ့သဘောတူညီချက်မပါဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက ဆော်ဒီကလပ်အယ်ဟီလယ်က သူ့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ၁၀၀ ကြားပေးပြီး ကမ်းလှမ်းခဲ့နိုင်ပေမဲ့ နည်းပြအမ်မိုရင်က အသင်းက မထွက်စေချင်ခဲ့ဘူးလို့ ဖာနန်ဒက်ဇ်က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့လာတဲ့ ကွင်းလယ် တိုက်စစ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉၉ ပွဲကစားထားပြီး ဂိုး ၁၀၀ သွားကာ ၈၇ ဂိုး ဖန်တီးပေးထားပါတယ်။
Photo: Reuters




