Home
သတင်းဓာတ်ပုံ
ဘော်စတွန်တွင် ကျင်းပသည့် တော်လှန်ဒီပါဝလီ အခမ်းအနားမှ ရန်ပုံငွေ ဒေါ်လာ ၂၀,၀၀၀ ကျော်ရရှိ
DVB
·
October 21, 2025
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt
Photo: KyawSoe Latt

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့၊ Woburn Memorial High School မှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက တော်လှန်ဒီပါဝလီ အခမ်းအနားကို Myanmar Hindu Union (MHU) က ဦးစီးကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အကူပြုရန်ပုံငွေ ဒေါ်လာ ၂၁,၇၀၀ ကျော် ရရှိခဲ့ပါတယ်။

အခမ်းအနား ကုန်ကျစရိတ်တွေကိုဖယ်ပြီး ရလာတဲ့ ရန်ပုံငွေအားလုံးကို စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီဒေသတွေကို ဆက်သွယ်လှူဒါန်သွားမယ်လို့ သိရပါတယ်။

အခမ်းအနားကို ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ တက်ရောက်ခဲ့ပါတယ်။

MHU ဥက္ကဋ္ဌ ဦးမင်းဟိန်းက  “မြန်မာပြည်မှာ လူမျိုးဘာသာမရွေး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အတူ ထူထောင်ကြပါမယ်” လို့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အခမ်းအနားမှာ ဘာသာပေါင်းစုံဆုတောင်းပွဲ၊ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာယဉ်ကျေးမှုအက၊ အနုပညာရှင်တွေရဲ့ တေးသီချင်း သီဆိုဖျော်ဖြေမှု အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013