
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်းခင်နယ်မြေ၊ အနုဆာဝရီးရပ်ကွက်၊ ရမ်းအင်ထရာ လမ်းသွယ် ၂၃ လမ်းရှိ အလုပ်သမားတိုက်ခန်းတွေမှာ အောက်တိုဘာ ၁ ရက် မနေ့ မနက် ၉ နာရီခွဲလောက်က မီးလောင်သွားတယ်လို့ မတ်တီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မီးလောင်ရာနေရာကို လူမ့်ကသန်မီးသတ်တပ်ဖွဲ့နဲ့ ဘန်းခင်ကယ်ဆယ်ရေးအဖွဲ့က သွား ရောက်ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုအခြေအနေကိုတော့ စစ်ဆေးဆဲလို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာတွေ့ရတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ မြန်မာအလုပ်သမားတွေက မီးကိုဝိုင်းဝန်းငြှိမ်း သတ်နေပြီး “ဟိုဘက်ခန်းက စလောင်တာ၊ ဝင်လို့မရတော့ဘူး၊ ဘာမှယူလို့မရတော့ဘူး၊ အဝတ်တွေပါသွားပြီ၊ ဝတ်စရာမရှိတော့ဘူး၊ ဘာမှမကျန်တော့ဘူး၊ မှတ်ပုံတင်တွေရော အကုန် ဘာမှမကျန်တော့ဘူး” စသဖြင့် ပြောဆိုနေကြပါတယ်။
Source : matichon / Daily Drop