
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီးလ်နာဒူပြည်နယ်၊ ချန်နိုင်းမြို့မှာ ဆောက်လုပ်နေဆဲ အပူဓာတ်အားပေးစက်ရုံမှာ မတော်တဆမှု ဖြစ်ပွားခဲ့ရာမှာ အလုပ်သမား ၉ ယောက် သေဆုံးသွားပြီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရတာဝန်ရှိသူကို ကိုးကားပြီး ANI သတင်းအေဂျင်စီက စက်တင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အန်းနောရ် အထူးစီးပွားရေးဇုန် စူပါခရစ်တစ်ကယ်လ် အပူစွမ်းအင်စီမံကိန်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတခုမှာ သံမဏိဘောင်ကွေးပြိုကျခဲ့တာကနေ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တာလို့ တမီးလ်နာဒူ လျှပ်စစ်ဘုတ်အဖွဲ့အတွင်းရေးမှူးလည်းဖြစ်တဲ့ စက်ရုံပိုင်ရှင် ဂျေရာဒါခရစ်ရှ်နန်က ပြောပါတယ်။
“ရရှိထားတဲ့ အစီရင်ခံစာရဲ့ အချက်အလက်အရ ကျောက်မီးသွေးတွေကို သယ်ဆောင်ထားတဲ့ သံမဏိဘောင်ကွေးက ခန့်မှန်းခြေ ၄၅ မီတာအမြင့်လောက်ကနေ ပြုတ်ကျသွားတာဖြစ်ပြီး သေဆုံးသွားရတဲ့ လူ ၉ ယောက်ကို ဆေးရုံကိုပို့ထားပါတယ်”လို့ သူက ဆိုပါတယ်။
တမီးလ်နာဒူ ဝန်ကြီးချုပ်အမ်ကေစတာလင်န်က သေဆုံးမှုကို X ပို့စ်တခုမှာ အတည်ပြုခဲ့ပြီး အဲ့ဒီအလုပ်သမား ၉ ယောက်ဟာ အရှေ့ပိုင်း အာသံပြည်နယ်ကနေ လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
Source: Reuters