
ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် ညဦးပိုင်းက စစ်ဆေးရာမှာ ရပ်မပေးဘဲ မောင်းပြေးသွားတဲ့ ဆူဇူကီးကားရဲ့ တံခါးပေါက်ကနေ ယာဉ်ထိန်းရဲ တွဲလောင်းခိုပါသွားပြီးနောက် ယာဉ်မောင်းဖြစ်သူ ထိုးကြိတ်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီခွဲက အင်းစိန်ဘက်ကနေ ပါရမီလမ်းအတိုင်းမောင်းလာတဲ့ ဆူဇူကီးကားတစီးက မီးနီကို ဖြတ်မောင်းတာကို ယာဥ်ထိန်းရဲတွေ တားဆီးစဉ် အခုလို ဖြစ်ပွားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“သူက မီနီကိုဖြတ်မောင်းတာ ယာဥ်ထိန်းက ထွက်ထားတာမရဘူး၊ မီပွိုင့်ကနီနေတော့ ရှေ့ကားတွေနဲ့ပိတ်သွားရော။ အဲ့အချိန် ယာဥ်ထိန်းရဲတွေက မိသွားတယ်၊ စစ်ဆေးနေတဲ့အချိန်ပဲ ထပ်ပြီးမောင်းပြေးတော့ ယာဥ်ထိန်းရဲပါပါသွားတာ။”
ယာဥ်ထိန်းရဲ တွဲလောင်းခို လိုက်ပါသွားတဲ့ ဆူဇူကီးကားရှေ့မှာ တက္ကစီ အငှားယာဥ် ၂ စီးက ပိတ်ရပ်ပြီးနောက် ယာဥ်မောင်းကို ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မီနီကိုဖြတ်မောင်းတဲ့ အဆိုပါယာဥ်မောင်းအမျိုးသားကို ဆူဇူကီးကားနဲ့အတူ ဖမ်းဆီးပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေက စစ်ဆေးနေ ပါတယ်။