
ကရာဘတ်အသင်းဟာ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ဘင်ဖီကာကို အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ နိုင်ပွဲရတဲ့ ပထမဆုံး အဇာဘိုင်ဂျန်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
၈ နှစ်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်လာတဲ့ ကရာဘတ်အသင်းဟာ ပွဲအစ ၁၆ မိနစ်မှာပဲ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေပေမဲ့ ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။
နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၂ ပွဲသရေကျပြီး ၄ ပွဲရှုံးခဲ့တဲ့ ကရာဘတ်အသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရခဲ့တာဖြစ်သလို ကိုယ်စားပြုနိုင်ငံအတွက်လည်း မှတ်တမ်းကောင်း ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကရာဘတ်အသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ ကိုပေဟေဂင်၊ ဘီလ်ဘာအို၊ ချဲလ်ဆီး၊ နာပိုလီ၊ အိုင်းယက်စ်၊ ဖရန့်ဖတ်၊ လီဗာပူး အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။