Home
အနုပညာ
မင်းသား ဒေါင်းနှင့် စာရေးဆရာ ခက်ဇော်တို့ ပါဝင်သည့် “မိုးသောက်ချိန်” DVB ရုပ်သံ အစီအစဉ်  
DVB
·
September 15, 2025

တော်လှန်အနုပညာရှင် မင်းသား ဒေါင်းနဲ့  စာရေးဆရာ ခက်ဇော်တို့ ပါဝင်တင်ဆက်ထားတဲ့ “မိုးသောက်ချိန်” DVB ရုပ်သံအစီအစဉ်ဟာ  မြန်မာပြည်တွင်း ပြည်ပမှာရှိတဲ့ လူငယ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတလည်းရ ရသပေါင်းစုံလည်းပေးနိုင်အောင် ဖန်တီးထားတဲ့ အစီအစဉ်လေးတခု ဖြစ်ပါတယ်။

ဒီအစီအစဉ် ပထမပိုင်းမှာ မင်းသားဒေါင်းက “လရောင်ကို ကြောက်တယ်” သီချင်းကို ခံစားချက်အပြည့်နဲ့ တကိုယ်တော် တီးခတ် သီဆိုပေးထားသလို ဒီသီချင်းဖြစ်ပေါ်လာပုံနဲ့ ပတ်သက်တဲ့ နောက်ခံအကြောင်းရင်းတွေကိုလည်း အမှတ်တရ ပြောပြထားပါတယ်။ 

စာရေးဆရာ ခက်ဇော်ကတော့ စစ်အာဏာသိမ်းပြီးနောက် စာရေးဆရာတွေ အပါအဝင် အနုပညာရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး  ရင်ဖွင့်ပြောပြထားပါတယ်။

အနုပညာရှင် ဒေါင်း နဲ့ စာရေးဆရာ ခက်ဇော်တို့နဲ့အတူ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူ ဝမ်ဒီ နဲ့ ငုခတ္တာတို့က ပူးပေါင်း တင်ဆက်ပေးထားပါတယ်။

အပြည့်အစုံ ကြည့်ရှုရန်—

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013