လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် အသျှင်ဦးဥတ္တမ ကွယ်လွန်ခြင်း ၈၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ စက်တင်ဘာ ၁၄ ရက် ဒီနေ့ မနက်က ကျင်းပပါတယ်။
ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ပေးခဲ့လို့ အင်္ဂလိပ်ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ပေမဲ့ လက်ရှိမှာတော့ စစ်အာဏာရှင်ရဲ့ ကျွန်အဖြစ် ဆက်ခံနေရတဲ့အပေါ် ရခိုင်ပြည်သူတွေနဲ့အတူ စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြဖို့ အခမ်းအနားတက်ရောက်တဲ့ ရခိုင်လူငယ်တယောက်က တိုက်တွန်း ပြောပါတယ်။
အသျှင်ဦးဥတ္တမနေ့ဟာ စက်တင်ဘာ ၉ ရက်မှာ ကျရောက်တာဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပနိုင်တာဖြစ်ပြီး သံဃာတော်တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ လူငယ်တွေ တက်ရောက်ခဲ့ပါတယ်။
Photo: ဖိုးစီ/ DVB