
ပေါ်တူဂီနည်းပြမော်ရင်ညိုဟာ သူတာဝန်ယူခဲ့တဲ့ ကလပ်တွေကနေ ထုတ်ပယ်ခံခဲ့ရမှုအတွက် စုစုပေါင်း ပေါင်သန်း ၉၀ နီးပါး လျော်ကြေး ရရှိခဲ့တယ်လို့ သိရပါတယ်။
မော်ရင်ညိုဟာ ပြီးခဲ့တဲ့ တပတ်က တူရကီကလပ် ဖီနာဘာချီအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး လျော်ကြေးအဖြစ် ပေါင် ၇ ဒသမ ၇ သန်းရရှိခဲ့တာပါ။
အလားတူ တူရကီလိဂ်ဆီမလာခင် အီတလီကလပ်ရိုးမားအသင်းကို တာဝန်ယူစဉ်ကလည်း ထုတ်ပယ်ခံခဲ့ရလို့ လျော်ကြေးပေါင် ၃ သန်းရရှိခဲ့ပါသေးတယ်။
မော်ရင်ညိုရဲ့ နည်းပြဘဝတလျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ချဲလ်ဆီးနဲ့ ပထမဆုံးအကြိမ် တာဝန်ယူစဉ်က ထုတ်ပယ်ခံရမူအတွက် ပေါင် ၁၈ သန်း အထိလျော်ကြေးရခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကနေ ထုတ်ပယ်ခံရချိန်က ပေါင် ၁၉ ဒသမ ၆ သန်းအထိ လျော်ကြေး အများဆုံးရရှိခဲ့တာပါ။
ရီးရဲလ်ကနေ ထုတ်ပယ်ခံရချိန်မှာ ပေါင် ၁၇ သန်းရခဲ့ပြီး စပါးအသင်းကနေ ထုတ်ပယ်ခံရချိန် ပေါင် ၁၅ သန်းရခဲ့တာပါ။
ချဲလ်ဆီးနဲ့ ဒုတိယအကြိမ် တာဝန်ယူပြီးနောက် ထုတ်ပယ်ခံ ၇ ချိန်မှာ ပေါင် ၈ ဒသမ ၃သန်း လျော်ကြေးရရှိပါတယ်။
ကလပ်အသင်း ၆ သင်းကနေ ထုတ်ပယ်ခံခဲ့ရမှုတွေကနေ လျော်ကြေး စုစုပေါင်း ပေါင် ၈၉ သန်းအထိရရှိခဲ့တာကြောင့် နည်းပြတွေထဲမှာ လျော်ကြေးအများဆုံးရရှိသူအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
Photo: Reuters