
မန်ယူတိုက်စစ်မှူးဟောင်း အန်တိုနီမာစီယယ်ဟာ မက္ကဆီကိုကလပ် မွန်တာရေးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။
၂၀၂၃-၂၀၂၄ ရာသီအပြီးမှာ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်ထွက်ခွာသွားတဲ့ မာစီယယ်ဟာ ဂရိကလပ် AEK အေသင် အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာပါ။
ဂရိကလပ်မှာ ၂၄ ပွဲကစားခဲ့ပြီးနောက်မှာတော့ မက္ကဆီကိုကလပ်ဆီ ပြောင်းရွှေ့ ဖို့ ဆုံးဖြတ်ခဲ့တာပါ။
တချိန်က ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့သူ မာစီယယ်ဟာ ဂရိကလပ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မီဒီယာတွေမှာ ပျောက်ကွယ်သွားခဲ့သူပါ။
မာစီယယ် ပြောင်းရွှေ့ကစားမယ့် မွန်တာရေးအသင်းမှာ စပိန်နဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်လည်း ပါဝင်ကစားနေပါတယ်။