
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်ကို ရွေ့လျား ခဲ့ပြီး ပိုအားကောင်းလာတဲ့ အပူပိုင်းမုန်တိုင်း နောင်ဖ (NONGFA) အဖြစ် ရောက်ရှိသွားပြီး ဗီယက်နမ်ကို ဦးတည်နေတယ်လို့ စစ်ကော်မရှင်ရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ဩဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီအပူပိုင်းမုန်တိုင်း နောင်ဖရဲ့ အရှိန်ကြောင့် ဩဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္ဿာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
မြတ်သဇင်