Home
နိုင်ငံတကာ
ထရမ့်ပ်၏ ကမ္ဘာ့အခွန်စည်းကြပ်မှုများတရားမဝင်ဟု အယူခံတရားရုံး ဆုံးဖြတ်
DVB
·
August 30, 2025
Photo :Reuters

သွင်းကုန်ခွန်တိုးမြှင့်တဲ့ သမ္မတထရမ့်ရဲ့လုပ်ရပ်တွေက တရားမဝင်ဘူးလို့ အမေရိကန်အယူခံတရား ရုံးတခုက ဩဂုတ် ၂၉ ရက်မှာ ဆုံးဖြတ်ပါတယ်။ 

အယူခံတရားရုံးမှာ တရာသူကြီး ၇ ယောက်က တရားမဝင်ကြောင်း မဲပေးခဲ့ပြီး ၄ ယောက်ကတော့ တရားဝင်တယ်လို့ မဲပေးခဲ့တာကြောင့် ၇-၄ ဆုံးဖြတ်ချက် ထွက်ခဲ့တာတွေ့ရပါတယ်။ 

နိုင်ငံတကာစီးပွားရေးပေါ်လစီကို အသုံးပြုပြီး တရားမဝင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခွန်ကောက်ခံမှုကို တရားရုံးက အောက်တိုဘာ ၁၄ ရက်အထိ ဆက်လက်ထားရှိပေးမှာဖြစ်ပြီး ထရမ့်ပ်အစိုးရအဖွဲ့က အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်မှာ အယူခံဝင်ခွင့် ပေးထားပါတယ်။ 

ထရမ့်ပ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မမှန်ကန်ကြောင်းနဲ့ အခွန်တိုးကောက်မှုတွေက အသက်ဝင် နေဆဲဖြစ်ကြောင်း သူပိုင်တဲ့ ဆိုရှယ်မီဒီယာ Truth မှာ ရေးသားထားပါတယ်။ 

ထရမ့်ပ်ဟာ သူ့ရဲ့ သမ္မတဒုတိယသက်တမ်းမှာ အမေရိကန်ရဲ့နိုင်ငံခြားရေးပေါ်လစီတွေမှာ အမေရိကန်ကိုတင်သွင်းမဲ့ ကုန်ပစ္စည်းတွေရဲ့ အခွန်နဲ့ ဖိအားပေးခြိမ်းခြောက်တာတွေ၊ အခွန်နှုန်းထား ပြန်လည်ညှိနှိုင်းတာမျိုးတွေလုပ်ဖို့ အသုံးပြုနေပါတယ်။ 

အခွန်နှုန်းတိုးမြှင့်တာတွေက နိုင်ငံရဲ့စီးပွားဖက်တွေဆီကနေ ထရမ့်ပ်အစိုးရအဖွဲ့က စီးပွားရေးနဲ့ ပတ်သက်တဲ့ လိုက်လျောမှုတွေရအောင် ဖိအားပေးနိုင်ခဲ့ပေမဲ့ ငွေကြေးဈေးကွက်မတည်မငြိမ် ဖြစ်စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

အမေရိကန် ဘဏ္ဘာရေး၊ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနတွေကတော့ ဒီစဉ်းမျည်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013