
မွန်ပြည်နယ် သထုံမြို့နဲ့ ပဲခူးတိုင်း ပဲခူးမြိူ့နယ်တွေမှာ လမ်းပေါ်ထွက်တဲ့ ခွေးတွေကို စည်ပင်ဝန်ထမ်းတွေက အစာအဆိပ်ခတ်သတ်နေတယ်လို့ တိရစ္ဆာန်ချစ်သူများအဖွဲ့ဆီက သိရပါတယ်။
ရန်ကုန်မှာ စစ်ကောင်စီတပ်က ကင်းလှည့်တဲ့အချိန်၊ ဧည့်စာရင်းစစ်တဲ့အချိန်တွေမှာ ခွေးဟောင်လို့ စည်ပင်ကို ခွေးရှင်းလင်းရေလုပ်ခိုင်းပြီးနောက် သထုံမြို့နယ်နဲ့ ပဲခူးမြို့နယ်တွေမှာပါ လမ်းပေါ်ခွေးရှင်းလင်းရေးတွေ လုပ်လာနေတာလို့ ဆိုပါတယ်။
တိရစ္ဆာန်ချစ်သူများအဖွဲ့ဝင်တယောက်က “ပဲခူးနဲ့ သထုံမှာ ခွေးတွေကို စည်ပင်ဝန်ထမ်းတွေက အဆိပ်ခတ်သတ်နေလို့ ခွေးတွေမသတ်ဖို့ ဘယ်လိုလုပ်ရမလဲ အကူညီတောင်းလို့ ဘယ်လိုမှ လုပ်လို့မရဘူး တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့ ဥပဒေကလည်း ခုချိန် ဘာမှလုပ်လို့မရဘူး။ မွေးမြူပေးထားဖို့ ဆိုတာကလည်း ခုလို ခေတ်ကာလမှာမဖြစ်နိုင်လို့လည်း ဥပေက္ခာပြုထားရတယ်။ ရန်ကုန်မှာတောင် ခွေးတွေအဆိပ်ခတ်သတ်ခံရလို့ ဘယ်သူကမှ ဘာမှပြောပြလို့မရခဲ့ဘူး။ ခုက ပဲခူးမြို့နဲ့ ဘာလုပ်ရမှန်းမသိဘူး။ သြဂုတ်လ ၁၀ ရက်နေ့အထိဆိုရင် ခွေးအကောင်ရေ ၁ သိန်းလောက်ရှိနေပြီ။ ဒီလိုပဲ တားမရဘူး စစ်တပ်က ရှင်းခိုင်းလို့ဆိုတဲ့ခေါင်းစဥ်နဲ့ စည်ပင်က အဆိပ်ခတ်ပြီးရှင်းနေတာပဲ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ ခုချိန်ထိ စစ်ကောင်စီတပ်က ကင်းလှည့်တာ၊ ဧည့်စာရင်းစစ်တဲ့အချိန်တွေမှာ လမ်းပေါ်က ခွေးတွေဟောင်လို့ဆိုပြီး စည်ပင်ကို ခွေးတွေရှင်းခိုင်းတာ ဆက်လုပ်ဆောင်နေသေးတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့လက မြန်မာပြည်တွင်းမှာ ခွေးရူးကိုက်တာနဲ့ ခွေးရူးပြန်ရောဂါခံစားရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ခွေးရူး ကာကွယ်ဆေးထိုးဖို့ထားကြဖို့ တိုက်တွန်း နိုးဆော်တာတွေလည်း ရှိနေပါတယ်။